Skip to main content

ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရေသန့်စင်စက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း

နေပြည်တော် ဧပြီ ၁၀

နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တရေဝတထံ ရေသန့်စင်စက်နှင့် လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီနှင့် ဆန်၊ ဆီ၊ သကြား စသည့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့သည်။

ထို့နောက် ကျောင်းတိုက်အနီးရှိ ရပ်ကွက်အတွင်းမှ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းပွဲတွင် ဘူတန်ဆေးဘက်ဆိုင်ရာအဖွဲ့၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ လျှပ်စစ်ဓာတ်အားမလိုအပ်ဘဲ တစ်နေ့လျှင် ရေလီတာ ၁၀၀၀၀ သန့်စင်ပေးနိုင်သည့် အလိုအလျောက်ရေသန့်စင်စက်၊ လီတာ ၂၀၀၀ ဆံ့ ရေတိုင်ကီတစ်လုံး၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ တစ်ကိုယ်ရေသုံးပစ္စည်းအစုံ ၁၀၀ နှင့် ဆန်၊ ဆီ၊ သကြားစသည့် လှူဖွယ်ပစ္စည်းများအပါအဝင် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၁၀၀၀ ကျော်ဖြစ်သည်။

သတင်းစဉ်