နေပြည်တော် ဧပြီ ၁၂
ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးရန်အတွက် ရောက်ရှိနေသည့် ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း)၌ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူကြီးများ၊ ဆရာဝန်၊ သူနာပြုများနှင့်ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆေးဝါးကုသပေးလျက်ရှိသည်။
ထိုသို့ ဆေးဝါးကုသပေးရာ၌ ယနေ့တွင် အတွင်းလူနာ ၅၂ ဦးနှင့် ပြင်ပလူနာ ၃၂၇ ဦးတို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့်ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အကြီးစားခွဲစိတ်ကုသမှုနှစ်ခုနှင့် အသေးစားခွဲစိတ်ကုသမှုတစ်ခုတို့ကိုလည်း အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့သည်။
ညနေပိုင်းတွင် ဘူတန်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန် Samaritan's Purse International Relief Organization : ဆေးရုံသို့ သွားရောက်လေ့လာခဲ့ကြသည်။