Skip to main content

PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဂျူဒိုအသင်း ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ဆွတ်ခူးရရှိ

နေပြည်တော် ဧပြီ ၁၄

၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ မလေးရှားနိုင်ငံပီနန်မြို့တွင် ကျင်းပခဲ့သည့် PENANE INVITATIONAL JICA JUDO CHAM-PIONSHIP 2025 ပြိုင်ပွဲသို့ မြန်မာဂျူဒိုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီ ၁၂ ရက် (ဂျူနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များအပြီး အသက် ၁၂ နှစ်အောက် -36 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ မအိချစ်ဆုစံက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -38 kg ပြိုင်ပွဲတွင် မောင်မြတ်ဘုန်းခန့်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အသက် ၁၀ နှစ်အောက် -24 kg ပြိုင်ပွဲတွင် မောင်သျှန်ကောင်းဆက်ပိုင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -28 kg ပြိုင်ပွဲတွင် မောင်ကောင်းကင်မင်းစစ်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -32 kg ပြိုင်ပွဲတွင် မခေတ်စံနန်းထွဋ်က ကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။

ဆက်လက်ပြီး ဧပြီ ၁၃ ရက် ဝိတ်တန်းများအလိုက် (စီနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ -55 kg ပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်ထိုက်ထိုက်ကျော်က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -57 kg ပြိုင်ပွဲတွင် မပိုးအိအိလွင်က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ +70 kg ပြိုင်ပွဲတွင် မနန်းသဲနုနုစံက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ -70 kg ပြိုင်ပွဲတွင် မယွန်းဝတီစိုးက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -70 kg ပြိုင်ပွဲတွင် မဖြိုးရွှေဇင်ကျော်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -81 kg ပြိုင်ပွဲတွင် မောင်သန့်ဇင်ဝင်းအောင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့သည်။

ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ မလေးရှားနိုင်ငံပီနန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ/ဒိုင်ခြောက်ဦးနှင့် ဂျူနီယာတန်းတွင် အသက်(၁၀)နှစ်အောက်လေးဦး၊ အသက်(၁၂)နှစ်အောက်နှစ်ဦး၊ အသက်(၁၈)နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် လူငယ်လေ့ကျင့်ရေးစခန်း(Youth Camp)မှ တစ်ဦး၊ ပဏာမလက်ရွေးစင်လေးဦး၊ အားကစားသမား ၁၂ ဦး စုစုပေါင်း ၁၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများအပြီးတွင် မြန်မာ ဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်း ဆုတံဆိပ် ၁၂ ခုတို့ကို မြန်မာ နိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်