ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ MYANMAR C.P LIVE STOCK Co. Ltd မှ Surgical Mask ၃၀၀၀၀၀ (သုံးသိန်း) လှူဒါန်းသည့် အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ တွင် ယနေ့ နံနက်က ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E Mrs Suphatra Srimaitreephithak မှ လှူဒါန်းရခြင်း၏ အကြောင်းအရင်းကို ရှင်းလင်းပြောကြားပြီး MYANMAR C.P LIVE STOCK Co. Ltd မှ Vice Chairman Mr. Uthai Tantipimolphun နှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုရန် ဘတ် ၉ သိန်းတန်ဖိုးရှိ Surgical Mask ၃၀၀၀၀၀ (သုံးသိန်း)ကို လှူဒါန်းရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)