မိတ္ထီလာ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ကောက်ရိုးမှိုစိုက်ပျိုး ထုတ်လုပ်မှု တောင်သူနည်းပညာသင်တန်းကို ဇွန် ၁၃ ရက်က ခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
လက်ထောက်ဦးစီးမှူး ဒေါ်စုရည်လင်းက ကောက်ရိုးမှိုစိုက်ပျိုး နည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကောက်ရိုးမှိုပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသခဲ့ကာ ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေးဝန်ထမ်း ၁၅ ဦးနှင့် တောင်သူ ၅၀ တက်ရောက်ခဲ့ကြသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
