Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပြီးသစ်ပင်များရှင်သန်ရေး ဆက်လက်ပြုစုမည်

နေပြည်တော် ဇူလိုင် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးဧရိယာအတွင်း ကျင်းပသည်။

ကြည့်ရှုအားပေး

သစ်ပင်စိုက်ပျိုးပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အဖွင့်အမှာစကားပြောကြား၍ မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ စုစုပေါင်း ၁၆၀ စိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများတွင်လည်း ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်တည်းကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ နှစ်ရှည်ပင်များ၊ အရိပ်ရလေကာပင်များ၊ ပန်းအလှပင်နှင့် သီးပင်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယနေ့တွင် သစ်ပင်ပေါင်း ၆၄၁၉ ပင် စိုက်ပျိုးခဲ့ပြီး ရှင်သန်အောင်မြင်ဖြစ်ထွန်းရေးအတွက် ဆက်လက်ထိန်းသိမ်းပြုစုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်