Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ပတ်လမ်းများ သန့်ရှင်းသာယာရေး၊ လှိုင်နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ ဆရာ ဆရာမဆောင်၊ အရာထမ်း အမှုထမ်းအိမ်ရာပေါင်း ၃၁ ဆောင်တွင် ရေမီးပြည့်စုံရေး၊ လုံခြုံရေး၊ သာယာရေးနှင့် ကစားကွင်းများ ဖြည့်ဆည်းရေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်  (လှိုင်နယ်မြေ) စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅) နှစ်မြောက် ငွေရတုအခမ်းအနားကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်