Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

နေပြည်တော် ဩဂုတ် ၇

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၂၂၂၅ သန်းဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာနှင့် ရွှေမြို့ကျေးရွာ၌ တည်ဆောက်မည့် အရှည်ပေ ၉၅၀၊ အကျယ် ၁၃ ပေရှိ ဆင်သေချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်ရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်