May 25, 2026
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)၊ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)တို့မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံအမှာစကားပြောကြားသည်။
May 25, 2026
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
May 25, 2026
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂ဝ၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
May 25, 2026
အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG) တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ Myanmar Fight မျိုးဆက်သစ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ပွဲစဉ်(၃၂)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်း ကျင်းပသည်။
May 25, 2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၌ ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မေ၂၃ ရက် မွန်းလွဲပိုင်းက နဝရတ်အားကစားခန်းမ၌ ကျင်းပသည်။
May 25, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 25, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယမန်နေ့က မင်းဘူးမြို့နယ်၊ ကန်ရေပျိုးဥယျာဉ်နှင့် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်တို့တွင် ပျိုးပင်များရှင်သန်အောင်မြင်မှုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
May 25, 2026
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး၌ မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးကို ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
May 25, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု ရသစာတမ်း ဒုတိယဆုရရှိသည့် စာရေးသူ သုတိဩဘာ (ဆင်ပေါင်ဝဲ) ၏ ‘ရွာဦးကျောင်းဆရာတော်တစ်ပါး၏ ဘဝမှတ်တမ်း’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
May 25, 2026
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
May 25, 2026
တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့တို့၌ ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိသူများ စုဖွဲ့၍ နယ်မြေဒေသများအရောက် သွားရောက်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
May 25, 2026
၂၀၂၆ ခုနှစ် (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားပြီး စုပေါင်းပါဝင်လေ့ကျင့်ခဲ့သည်။
May 25, 2026
၂၀၂၆ ခုနှစ် မေလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
May 25, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများ လျှပ်စစ်နှင့် စွမ်းအင်ကို ကြောင့်ကြကင်းစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 25, 2026
“ကျန်းမာသုခ၊ ဉာဏ်ပညာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယောဂ” (Yoga for Wellness, Wisdom, and World Peace) ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ ကျင်းပသည်။
May 25, 2026
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့် အချက်များ
May 25, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်မုခ်ဦး၊ ရေကန်များနှင့် မြေယာရှုခင်းများကို ကြည့်ရှုသည်။
May 25, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာရှိ ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်း၏ ဝဥမှ အချိုရည်၊ ဝဥဂျယ်လီ၊ ဝဥခေါက်ဆွဲခြောက်များ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
May 25, 2026
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
