Jun 15, 2026
မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်းကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသောသဘာဝဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒပညာရှင်များက ပင်လယ်ရေအောက်တွင်တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ရရှိလာသည့် အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေးတွင်းများ၏ ရလဒ်များကိုအခြေပြု၍ အတည်ပြုကြသည်။
Jun 15, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ပြည်သူများတစ်ခဲနက် ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရ ဖွဲ့စည်းတာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်မှုဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်တွင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိခဲ့သည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် နီလာအရိုင်းတုံးကြီး အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁၅၀၀ ကရက်) နှင့် နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်) တို့အား နိုင်ငံတော်ထံသို့ လာရောက်အပ်နှံခဲ့သည်။
Jun 15, 2026
မြန်မာနိုင်ငံသည် သစ်တောသစ်ပင်များ၊ မြစ်ချောင်းအင်းအိုင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝအရင်းအမြစ်များပေါများကြွယ်ဝသော ဂေဟစနစ်ကောင်းမွန်သည့် နိုင်ငံဖြစ်သည်။ အဆိုပါဂေဟစနစ်များသည် နိုင်ငံ၏စားရေရိက္ခာထုတ်လုပ်နိုင်မှု၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ပြီး ရာသီဥတုသမမျှတမှုတို့အတွက် အခြေခံကောင်းများဖြစ်သည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး စသည့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိသည်။
Jun 15, 2026
ကမ္ဘာပေါ်ရှိ ကလေးသူငယ်ဦးရေ စုစုပေါင်း၏ ၈ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ကလေး ၁၇ ယောက်တွင် တစ်ယောက်တို့မှာ ကလေးအလုပ်သမားများ ဖြစ်နေကြသည်ဟု ဆိုသည်။ ခန့်မှန်း ခြေအားဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားဦးရေ ၁၃၈ သန်းခန့်ရှိသည့်အနက် ၅၄ သန်းခန့်မှာ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် စာရိတ္တပိုင်းဆိုင်ရာတို့အတွက် အာမခံချက်ကင်းမဲ့သော အန္တရာယ်ရှိသည့်လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေကြရသည်ဟုဆိုသည်။
Jun 14, 2026
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 14, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 14, 2026
Myanmar Women’s League 2026-27 ဘောလုံးရာသီ မစတင်မီ Official Partnership Signing Ceremony ကို ဇွန် ၁၁ ရက် နံနက်ပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပသည်။
Jun 14, 2026
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဘေး နောင်တလိကျေးရွာအနီး တောင်ကြီး (ထင်း) ကြိုးဝိုင်းအတွင်း၌ ကျင်းပရာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Jun 14, 2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်၌ တည်ရှိသည့် မန်းဓာတ်အားပေးစက်ရုံကို Supervisory Control And Data Acquisi-tion (SCADA) စနစ်ဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ်နေသော အခြေအနေကို National Control Center (NCC နေပြည်တော်) မှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ ဓာတ်အားစနစ်ထိန်းချုပ်ကွပ်ကဲမှု ပိုမိုကောင်းမွန်စေရန်နှင့် ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မန်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်နေသော ဖီဒါများ၏ Multifunction Meter များအား အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်ရုံရှိ ၁၃၂/၃၃/၁၁ ကေဗွီ ၅၀ အမ်ဗွီအေထရန်စဖော်မာအား ဇွန် ၁၄ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိလည်းကောင်း၊ ၁၃၂/၆၆/၁၁ ကေဗွီ ၄၀ အမ်ဗွီ အေထရန်စဖော်မာအား မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိလည်းကောင်း ယာယီဓာတ်အားပိတ်၍ လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။
Jun 14, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။
Jun 14, 2026
“သမိုင်းအစ ယဉ်ကျေးမှုက” ခေါင်းစဉ်ဖြင့် သမိုင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
Jun 14, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
Jun 14, 2026
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံကူးသန်းသွားလာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ဆောက်ဖွင့်လှစ်ပေးထားသည်။ မြန်မာ-ထိုင်း မြဝတီကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-အိန္ဒိယတမူးကုန်သွယ်ရေးစခန်းများသည် ကူးသန်းရောင်းဝယ်ကုန်သွယ်မှုတွင် အစဉ်အဆက်အရေးပါပြီး ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည်။
Jun 14, 2026
သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်တောတစ်တောကို ကြည့်လျှင် မြေပြင်နှင့် ကပ်လျက်၌ မြက်ပင်များနှင့် ချုံပင်များ၊ ၎င်းတို့၏အထက်၌ အပင်လတ်များ၊ အားလုံး၏ အထက်တွင် အပင်မြင့်ကြီးများကို တွေ့ကြရမည်ဖြစ်သည်။ ယင်းသို့ ပေါက်ရောက်နေသည့် မြက်ပင်၊ ချုံပင်၊ သစ်ပင်များအားလုံးသည် လူတို့အတွက် အသုံးမဝင်သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ကိုမူ တစ်နည်းတစ်ဖုံအားဖြင့် ထိန်းသိမ်းပေးနိုင်ကြသည်။ လေထုနှင့် မြေထုကို အေးမြစေခြင်း၊ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာတိုက်စားမှုမဖြစ်အောင် ထိန်းသိမ်းပေးခြင်း၊ သားငှက်တိရစ္ဆာန်များ ရှင်သန်ကျက်စားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့ကို ထိန်းသိမ်းပေးခြင်းစသည်ဖြင့် အသုံးဝင်ကြသည်။
Jun 13, 2026
၂၀၂၆ ခုနှစ်မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ်တွင် ကျင်းပပြုလုပ်ရာ (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 13, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Jun 13, 2026
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jun 13, 2026
၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ ကျင်းပသည်။
Jun 13, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက် အမှတ် ၁/ ၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
Jun 13, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
