Skip to main content

Aug 01, 2026

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ အမှတ်(၂)ရပ်ကွက်၊ သဖန်းပင်ရပ်တွင် ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက ကညင်ချောင်းရေတိုက်စားမှုကြောင့် ချောင်းကမ်းပါးနှင့်နီးကပ်‌နေသောလူ‌ နေအိမ်းသုံးလုံးကို ဘေးလွတ်ရာသို့ကြိုတင်‌ရွှေ့ပြောင်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် သခွတ်ချောင်းအုပ်စု၊ ငဝန် ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီး  ဇူလိုင် ၃၁ ရက် နံနက်က အကျယ်ပေ ၁၅၀ ခန့်ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ အနီး၌ တာကျိုးပေါက်မှုကြောင့် မြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်လျက်ရှိရာ ယနေ့အထိ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇၄) ကျောင်း ယာယီပိတ်ထားကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာဘောင်ကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရေဘေးကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃ တွင် တာပေါင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) ရပ်ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုနှင့် သခွတ်ချောင်းကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်လျက်ရှိပြီး ရေဝင်ရောက်ရာ အိမ်ခြေ ၁၃၂၀၊ အိမ်ထောင်စု ၁၃၃၃ စုမှ လူဦးရေ ၆၇၄၇ ဦးတို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေ ပြည်သူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၃၁ ရက်က မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နှင့် ကျွန်းပင်သာရပ်ကွက်တို့တွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ပထမအကြိမ်မြောက် FIFA ASEAN Cup 2026 ပြိုင်ပွဲကြီးကို လာမည့်စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံနှင့် ဟောင်ကောင်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး Premier Division နှင့် Challenge Division ဟူ၍ တန်းနှစ်တန်း ခွဲခြားကာ FIFA အဆင့်သတ်မှတ်ချက်များအတိုင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

အမရပူရမြို့နယ်၌ ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် ကလောမြို့နယ်၌ ငွေကျပ် ၁၃၀ ဒသမ ၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၂၈ ရက် ည ၇ နာရီခွဲတွင် အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု မင်းတည်း ကုန်းရွာအနီး မြစ်ငယ် - ထုံးဘိုသွားလမ်းတွင် နောင်ချိုမြို့နယ် မယ်ဟုန်ရွာနေ မြင့်ဦး (၃၂) နှစ်၊ ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်နေ မျိုးဇော်ဦး (ခ) သာကျော် (၃၆) နှစ်၊ ကျောက်ဆည်မြို့နယ် ရမန်းရွာနေ ရဲထွန်း (၃၈) နှစ်နှင့် ပြင်ဦးလွင်မြို့နယ် ပြင်ကြီးရွာနေ မောင်ဝင်း (၅၂) နှစ်တို့အား ဆိုင်ကယ်လေးစီးနှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်များပေါ်တွင် တင်ဆောင်ထား သော ၎င်းတို့ လေးဦးသယ်ဆောင်လာသည့် ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၄၄၀၀) အား ဖမ်းဆီးရမိသဖြင့် မြင့်ဦး၊ မျိုးဇော်ဦး (ခ) သာကျော်၊ ရဲထွန်းနှင့် မောင်ဝင်းတို့ လေးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

MNL U20 League 2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ပွဲစဉ်များကို ယနေ့ ညနေ ၃ နာရီခွဲက သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ရတနာပုံအသင်းက Falcon အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်း ကောင်း၊ ရန်ကုန်စီးတီးအသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဓာတ်မြေဩဇာတင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ၃၁-၈-၂၀၂၆ ရက်အထိ တိုးမြှင့်ခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ၃၁-၈-၂၀၂၆ ရက်အထိ တိုးမြှင့်ခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဒီဇယ်ဆီတင်သွင်းမှု အခွန်ကင်းလွတ်ခွင့် ၃၁-၈-၂၀၂၆ ရက်အထိ တိုးမြှင့်ခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် အဖွဲ့ဝင် ဦးမျိုးမောင်နှင့် အဖွဲ့ဝင် ဦးကြည်သိန်းတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၅) သည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဒေါ်အေးမြမြစိုးအပေါ် ယင်းမဲဆန္ဒနယ်မှ ယှဉ်ပြိုင်အရွေးခံသူ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဝင်းက ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်တွင် တင်သွင်းလျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃/၂၀၂၅) အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က) (၁) အရ ကြားနာစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့ အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝ ဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) လက်မှတ်ရေးထိုးပွဲကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

မန္တလေး-ရန်ကုန် ခရီးစဉ်ပြေးဆွဲပေးလျက်ရှိသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူတရားခံ လယ်ဝေးမြို့နယ် ရန်ကင်းကျေးရွာနေ အောင်သက်ဦး (၁၅) နှစ် (ဘ) ဦးဝင်းဦးနှင့် ပြာသို (၁၄) နှစ် (ဘ) ဦးဝင်းကြိုင်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဧလာနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ဖလမ်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၁၅ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဆရာ ဆရာမ ၃၀၁ ဦးတို့က ကျောင်းသား ကျောင်းသူပေါင်း ၄၂၅၁ ဦးတို့ကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 01, 2026

၁။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force–FATF) သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ Public Statement တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်