Skip to main content

Jun 09, 2023

ပြည်သူများ၏ လူမှုစီးပွားဘဝများစွာအနက် အဓိကလိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ နိုင်ငံတစ်ဝန်း၌ ယခင်ကာလများနှင့်မတူ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ကောင်းမွန်လာခဲ့သည်။ လျှပ်စစ်ဓာတ်အားရရှိရေးတွင် လတ်တလော၌ အခက်အခဲအကြောင်းအမျိုးမျိုးရှိ၍ အလုံးစုံမရရှိသေးသော်လည်း နိုင်ငံတစ်ဝန်းလုံးရရှိရေးကို အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 09, 2023

အောင်ဘာလေထီ တစ်ခေတ်ဆန်းသစ်ပေပြီ။ လွတ်လပ်ရေးမရမီ ခေတ်ကတည်းကစကာ ဆယ်စုနှစ်ပေါင်းများစွာ စက္ကူပုံနှိပ်ထီလက်မှတ်များကို ထီဆိုင်များသို့ သွားရောက်ဝယ်ယူကံစမ်းခဲ့ကြရာမှ မျက်မှောက်ကာလ ဒစ်ဂျစ်တယ်ခေတ်တွင် အွန်လိုင်းမှတစ်ဆင့် ထိုင်ရာမထထီထိုးနိုင်ကြပြီ။ အသစ်ဘယ်လို ပြောင်းပြောင်းအဟောင်းကိုသာ စွဲသူတို့အဖို့လည်း ပုံနှိပ်ရောင်းချသည့် အောင်ဘာလေထီစနစ်က ရှိနေဦးမည်ဖြစ်ရာ ထီကိုယ်စားလှယ်တို့ရောင်းချကြသည့် ထီဆိုင်၊ ထီကား၊ ထီလှည်းတို့တွင် ထီလက်မှတ်ကလေးများဝယ်ယူကာ တစ်လတာ စိတ်ကူးအိပ်မက်မက်နိုင်သည့် အခွင့်အလမ်းများ ဆက်လက်တည်မြဲ ရှိနေသေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ ည ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံဒေသ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်အတွင်းသို့ မိုးကြိုးပစ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့စဉ် ပုဂံမြို့ဟောင်းမြစ်ကမ်းစပ်တွင် တည်ထားကိုးကွယ်သော ဗူးဘုရားစေတီတော်ကြီးအား စက်ကွင်းထိမှန်၍ ဘုရားကြီး၏ လုံးပတ်တော် အနောက် တောင်ဘက်နှင့် အနောက်ဘက်တွင် ၁.၅ လက်မခန့် အဝိုင်းပေါက်ငယ် ၂ ခုဖြစ်ပေါ်ခဲ့ပြီး ကိုယ်လုံးတော်တွင် ကပ်လှူထားသည့်ရွှေများ သံဇကာကွက်ကဲ့သို့အရာထင်ခြင်း၊ စိန်ဖူးတော်အောက်ခံကြာဖတ်ပဲ့ခြင်း၊ ငှက်ပြောဖူး ကြာဖတ်ထိပ်ပိုင်း ၆ လက်မခန့်ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းများ မည်းညစ်၍ အနည်းငယ်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၆-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၀၁၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၂) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နယူးဒေလီရှိ တောင်အာရှ နိုင်ငံ ခြားသတင်းထောက်များအသင်း (The Foreign Correspondents’ Club of South Asia –FCC) ဥက္ကဋ္ဌ Mr. Shirumalla Venkat Nara-yan ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိရာ Shukshin တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် Elena Viktorovna Guselnikova၊ တာဝန်ခံ ဒုတိယ ပါမောက္ခချုပ် Dr. Mikhail Sergeevich Vlasov နှင့် ညွှန်ကြားရေးမှူး Dr. Natalya Grigoryevna Vinogradova တို့က လေဆိပ်တွင် လာရောက်ကြိုဆို နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်အား မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး အမှုဆောင်ဥက္ကဋ္ဌ Mr. David Liu နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်းဥက္ကဋ္ဌ Mr.Shirumalla Venkat Narayan နှင့် အဖွဲ့က ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် နယူးဒေလီမြို့အခြေစိုက် တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

စစ်တွေမြို့၌ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုပြီး မိုးစပါးစံပြစိုက်ကွက် သရုပ်ပြထွန်ယက်ခြင်းနှင့် စပါးမျိုးစေ့ပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင် ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့ညပိုင်းတွင် စစ်တွေမြို့ (၆၆/၁၁)ကေဗွီ စစ်တွေဓာတ်အားခွဲရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး (သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄) ဝါ) သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌ ဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသမဟာထေရ်မြတ် ကြီးသည် သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄)ဝါအရ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန် လဆန်း ၇ ရက်၊ ၂၀၂၃ခုနှစ် မေ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူ၍ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ကြီးရှိ အေးကမ္ဘာဗိမာန်ယာယီစံကျောင်းတော်တွင် ပူဇော်ထားရှိခဲ့ပြီး ဇွန် ၆ ရက်နေ့ ၌ အန္တိမဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားကိုကျင်းပ၍ ရုပ်ကလာပ် တော်အားတေဇောဓာတ် ပူဇော်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

​​​​​​​အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မေလ ၁၄ ရက် နေ့က တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်လေးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် နယ်မြေများအဖြစ်သတ်မှတ်ပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2023

​​​​​​​၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ‌အောင်စာရင်းများကို မနက်ဖြန် (ဇွန်လ ၉ ရက်)၊ သောကြာနေ့ နံနက်စောစောတွင် သက်ဆိုင်ရာက ထုတ်ပြန်ကြေညာပေးတော့မည်ဖြစ်သည်။ နံနက် ၄ နာရီအချိန်တွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဝက်ဘ်ဆိုက် www.myanmarexam.org တွင် အောင်စာရင်းများ ဝင်ရောက် ကြည့်ရှုနိုင်ကြမည်ဖြစ်သလို နံနက် ၆ နာရီအချိန်တွင် မြို့နယ် အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ကပ်ထားမည့် အောင်စာရင်းများကို သွားရောက်ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်