Skip to main content

Jul 12, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံချက်စက်ရုံအမှတ် (၁)ရှိ ဆိပ်ခံဗော(Pontoon)ကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကြည့်ရှုစစ်ဆေးရာ ရေနံချက်စက်ရုံ အမှတ်(၁) စက်ရုံမှူးနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ရေကြောင်းဌာနမှူးချုပ်၊ ဒုတိယရေကြောင်းဌာနမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

တောင်သူတစ်ဦးချင်း ဝင်ငွေတိုးရန် မိရိုးဖလာ စိုက်ပျိုးနည်းများအပြင် ခေတ်မီ စိုက်ပျိုးနည်းများ၊ စက်မှုလယ်ယာ စနစ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြရန်လိုကြောင်း၊ လိုအပ်သော နည်းပညာနှင့် အကူအညီများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မင်းလှကျေးရွာတွင် ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ပူးပေါင်းပြီး သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာလေ့လာသင်ယူနိုင်ခြင်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်များကို စာတွေ့လက်တွေ့ လေ့လာသင်ယူနိုင်ခြင်းဖြင့် ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများသားဖောက်နည်းပညာသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက်က ဒဂုံတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် အသိပညာပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

“သန္ဓေ တောထွက် ဓမ္မစက် တန်ခိုးပြာဋိဟာ” ဟူသော မြတ်ဗုဒ္ဓ၏ ထူးမြတ်သောဖြစ်စဉ်လေးမျိုး ဤဝါဆိုလပြည့်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ထူးမြတ်သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ဖြစ်ပေသည်။ ဤနေ့ဤရက်တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍၊ ထူးကဲသာလွန် တရားမြတ်ကို ရည်စူး၍၊ ပူဇော်ထိုက်သော သံဃာတော်ကိုအလေးအမြတ်ထား၍ ကုသိုလ်အဖြာဖြာတို့ကို ပြုလုပ်ကြပြီး ဘေးဘယာဝေးကွာ ကောင်းကျိုးပွားတိုးကြအောင် အားထုတ်သင့်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 12, 2022

ဗိုလ်ချုပ်အောင်ဆန်းသည် ခေတ်သစ်မြန်မာနိုင်ငံကို မွေးဖွားသူဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေးတံခါးဝသို့ ပို့ဆောင်ပေးခဲ့သူဟူ၍ အိန္ဒိယနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီကဆိုခဲ့သည်။ အာရှတိုက်၏ ပဒေသရာဇ်နိုင်ငံတစ်နိုင်ငံဘဝမှ အရင်းရှင်နယ်ချဲ့ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရသော မြန်မာနိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော်ကြာခဲ့ပြီးသည့်နောက်တွင် လွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ်သို့ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင် နာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ ကွပ်ကဲမှုအောက် တပ်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းနှင့် ဖိတ်ကြားထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် ၁၈၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသော နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးအဖွဲ့ (Tourism Professional Certification Board-TPCB) ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဆောက်လုပ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုတို့သည် တောင်ကြီးမြို့၊ လမ်းဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် အဆောက်အဦ၊ လမ်း၊ တံတားအထူးအဖွဲ့များမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဘွိုင်လာကိုင်တွယ် ထိန်းသိမ်းသူများ သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၉ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာ စောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ် အပြည့်ထားရှိပြီး အထက်အောက် ညီညွတ်မျှတ သည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲက လမ်းညွှန်မှာကြားထား သည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်း စိတ်ဓာတ် (Commander Spirit) ၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

၁။      ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင် လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မောင်တောမြို့ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် ဇော်သန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ခါးပတ်အိတ်နှင့် ဆိုင်ကယ်တူးဘောက်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၂၄ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၇ နာရီခွဲက မောင်တောမြို့နယ် ရွှေဇားကပ္ပ ကောင်းကျေးရွာအုပ်စု ရွှေဇား(အလယ်)ကျေးရွာနေ အေနာအူလ္လာအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဇော်သန်းနှင့် အေနာအူလ္လာတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 11, 2022

ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများ ပြောင်းလဲချမှတ် နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း ဇူလိုင် ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း (လေးထောင့်ကန်)အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်