Jul 17, 2025
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ညောင်ပင်သာနှင့် မကျီးပင်ကျေးရွာတို့သို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 17, 2025
ငါးသယံဇာတတိုးပွားလာစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပသည်။
Jul 17, 2025
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ယာယီဝန်ထမ်းအိမ်ရာများအနီး၌ ကျင်းပသည်။
Jul 17, 2025
ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပညာဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာကြသည်။ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ကြသည်။ မျိုးဆက်များအား စဉ်ဆက်မပြတ်သင်ကြားပေးခဲ့သော ပညာများဖြင့် မိမိဘဝတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
Jul 17, 2025
မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Jul 16, 2025
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အမည်ခံအဖွဲ့ဝင်များကို ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jul 16, 2025
ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၅၉ ပေတွင်တည်ရှိသည့် နောင်ချိုမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်၊ အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်မြို့နယ်၊ အနောက်ဘက်တွင် ပြင်ဦးလွင်မြို့နယ်တို့ ဝန်းရံတည်ရှိ၍ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် လားရှိုးမြို့များသို့ မန္တလေး - လားရှိုးလမ်းမကြီးနှင့် မီးရထားလမ်းများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့သို့ အမှတ်(၄၃)ပြည်ထောင်စုလမ်းမကြီးဖြင့်လည်းကောင်း ဆက်သွယ်သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် တရုတ်- မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်လမ်းမကြီး(အမှတ် ၁၄ အာရှ လမ်းမကြီး)သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး ပြင်ဦးလွင်- မန္တလေးမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ရွာများနှင့် ကျောက်မဲမြို့မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့ရွာများသို့လည်း ဆက်သွယ်သွားလာနိုင်သည့် မြို့ဖြစ်သည်။
Jul 16, 2025
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မျိုးဆက်သစ်ဝံသာနုပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
Jul 16, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော်ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်(ထောက်လှမ်းရေး)Lieutenant General Shrinjay Pratap Singh, AVSM, YSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 16, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 16, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၃၀ ကေဗွီ လှော်ကား ပင်မဓာတ်အားခွဲရုံနှင့် လှော်ကားသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jul 16, 2025
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၈)ကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ယာယီဝန်ထမ်းအိမ်ရာ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီ၊ ဦးကျော်မျိုးထွဋ်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 16, 2025
မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jul 16, 2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။
Jul 16, 2025
စင်ကာပူနိုင်ငံ၌ ဇူလိုင်၁၂ ရက်မှ ၁၃ ရက် အထိ ကျင်းပခဲ့သော စင်ကာပူတာတို ဖလား ကနူး၊ ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ကနူး၊ ကယက်လှေလှော် အားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် လေးခု စုစုပေါင်းဆုတံဆိပ် ၁၅ ခုကို ထိုက်ထိုက်တန်တန် ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။
Jul 16, 2025
တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Jul 16, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၏ (၄၇) နှစ်မြောက် ကျောင်းနှစ်ပတ်လည် နေ့အခမ်းအနား တက်ရောက်သည်။
Jul 16, 2025
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့၌ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်စင်တီမီတာခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေ ချောက်မြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့နှင့် ဆိပ်သာမြို့တို့၌ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jul 16, 2025
ယနေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
Jul 16, 2025
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ပြီး တိုင်းပြည်ချစ်စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့်တွေ့ဆုံ စဉ် ဆွေးနွေးမှာကြားခဲ့သည်။
