Apr 29, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၏ ညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၂၂)ကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Apr 29, 2022
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး အမှတ်စဉ် ၂/၂၀၂၂ ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက်အမှတ် (၆)ရှိ တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင် ကျင်းပသည်။
Apr 29, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် အောင်လံမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးခွဲသား (၇ ဒသမ ၂၉၃၂) တန်၊ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၆၄၆၆၀၀) ကို သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကာ မင်းဘူးမြို့နယ် ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေအတွင်း တရားမဝင် ရေနံစိမ်း ၁၀ ဂါလန်ခန့်ပါ အိတ် (၃၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မင်းဘူးမြို့မရဲစခန်းသို့ လွှဲပြောင်း၍ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Apr 29, 2022
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပူးတွဲကြိုတင် ကာကွယ် ထိန်းချုပ်ရေးကို ထိရောက်စွာတွန်းအားပေးနိုင်ရေး၊ နှစ်နိုင်ငံ ပြည်ဝင်/ ထွက်ဂိတ် နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ တွန်းအားပေးနိုင်ရေး ရည်ရွယ်၍ တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Apr 29, 2022
တောင်သူလယ်သမားများ၏ မိုးစပါးရာသီအမီ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 29, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (ကွမ်ရှီးနိုင်ငံခြားရေးရုံး)သည် ကွေ့ကျိုးပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အတွင်းရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် Online မှတစ်ဆင့် “We together paint a better future” “အနာဂတ်ပို၍လှပဖို့ အတူတကွရေးဆွဲစို့” ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် တရုတ်- အာဆီယံလူငယ်ပန်းချီပြပွဲ ၂၀၂၂ အား ကျင်းပသွားမည်ဖြစ်သည်။
Apr 29, 2022
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် ပခုက္ကူစာပေဆုရရှိသူများ၏ အမည်စာရင်းကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက ယနေ့ ထုတ်ပြန်ကြေညာသည်။
Apr 29, 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟိုရွက်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးတပ်ရင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Apr 29, 2022
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။
Apr 29, 2022
နိုင်ငံသားများ ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရန်၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစည်းပါဝင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်မည့် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအတွက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 29, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဧပြီ ၂၆ ရက် နံနက်ပိုင်းက အဆောက်အဦဦးစီးဌာန အဆောက်အဦ သုတေသနဓာတ်ခွဲခန်းများရုံး (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးပြီး ဓါတ်ခွဲခန်းသုံးပစ္စည်းများ အမြဲကောင်းမွန်ရန်နှင့် ဌာနတွင်း လုပ်ငန်းအတွေ့အကြုံများ နှီးနှောဖလှယ်သည့် Knowledge Sharing Program ဆောင်ရွက်သွားရန် မှာကြားသည်။
Apr 29, 2022
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာခြင်း
Apr 29, 2022
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Apr 29, 2022
ပညာရေးဒီဂရီကောလိပ်များသို့ ပြောင်းရွှေ့တက်ရောက်လိုသူများ မေ ၁၆ ရက် နောက်ဆုံးထားလျှောက်ထားနိုင်
Apr 29, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Apr 29, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် သာယာဝပြောရေးနှင့် တိုင်းပြည်စားနပ်ရိက္ခာပေါများရေး အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Apr 29, 2022
တရားမဝင်ကုန်သွယ်မှုများက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နှောင့်နှေးစေသည့်အပြင် အရည်အသွေး အာမခံချက်မရှိသော အစားအသောက်၊ ဆေးဝါးနှင့် ကုန်စည်အတုများ စသည်တို့ကြောင့် စားသုံးသူပြည်သူများကိုလည်း နစ်နာဆုံးရှုံးစေသည်။ ထို့ပြင် ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဓာတုကုန်ကြမ်းများ၊ မူးယစ်ဆေးဝါးများ စသည်တို့ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာပါကလည်း နိုင်ငံနှင့် ပြည်သူများအတွက် ကြီးမားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
Apr 28, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Apr 28, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။
