Skip to main content

Jun 30, 2021

(၂၈-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိ ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၃၁၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်လည်းကောင်း အကြမ်းဖက်သူများက ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခဲ့ကြကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာနေ့ရက်အသီးသီးတွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ရန်ကုန် - မန္တလေးစာပို့ရထားအား အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ ကာလအတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ အတွင်း မသမာသူများမှ သစ်တော ဝန်ထမ်းများကို ရန်ပြု တိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ်စခန်းများ မီးရှို့ ဖျက်ဆီး ခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊ ဆက်စပ် ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်းဖြစ်စဉ်များ (၂၆) ကြိမ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်း(၂၂)၊ အလယ်ကျေးရွာ၊ ဦးဖိုးလှိုင်လမ်းနှင့် ဦးရွှေဘင်လမ်းထောင့် အကွက်အမှတ်(၂၀)ရှိ Myanmar Rong Wie New ဖိနပ်အောက်ခံဆိုးပြားစက်ရုံအား မတ် ၁၄ ရက် ညနေ ၄ နာရီခန့်တွင် အောင်ဇော်လင်း (ဘ)ဦးဇော်ဇော် အပါအဝင်(၂၁)ဦးတို့နှင့်အတူ မီးစာပါသည့် ဓာတ်ဆီပုလင်းများနှင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ -၄၃၆ အရ ၎င်းတို့ အား မေ ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက် သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ညောင်တုန်း မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး ထောက်ပံ့ခြင်းနှင့် မိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃/၀) မှ (၅/၄)ကြားရှိ ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် Eco Green City Projectရှင်းလင်းဆောင်တွင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလုပ်ငန်းများ ရှင်းလင်းတင်ပြရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂ ခုနှစ် မတ်လအထိ ၆ လ ဘတ်ဂျက် အရ၊ အသုံးခန့်မှန်းခြေ ငွေစာရင်းများ တင်ပြတောင်းခံထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး လွှတ်တော်ရုံးဟောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ RA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushina Tatana အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုကျင်းပကာ အများစု အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲအပ်ပေးပြီး ဒီမိုကရေစီနိုင်ငံသစ်ကို စတင် တည်ဆောက်ခဲ့သည်။ အများပြည်သူ လိုလားနှစ်သက်သည့် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသူ နိုင်ငံသား များ အကျိုးစီးပွားများကို ဒီမိုကရေစီစနစ်နှင့်အညီ အထိုက်အလျောက် အကောင်အထည်ဖော်နိုင် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2021

ယနေ့ခေတ်သည် သတင်းအချက်အလက်များ အလွန်လျင်မြန်စွာ စီးဆင်းနေသောခေတ်ဖြစ်သည်။ အိုင်တီနည်းပညာ၏ ကျေးဇူး ဖြင့် ကမ္ဘာ့ချောင်ကြိုချောင်ကြားမှ သတင်းများသည်ပင် အရုပ်၊ အသံ၊ စာသားများဖြင့် စက္ကန့်ပိုင်းအတွင်း ပျံ့နှံ့သွားနိုင်သော ခေတ်လည်းဖြစ်သည်။ သတင်းအချက်အလက် များ၊ ဖြစ်ရပ်များကို အများပြည်သူထံသို့ မီဒီယာနည်းလမ်းမျိုးစုံဖြင့် ပေးပို့ရာတွင် သတင်းမီဒီယာ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေကြသည့် ပညာရှင်များမှာ ကျင့်ဝတ်ကို စောင့်ထိန်းကြရ သည်။ အများပြည်သူထံ ပို့ဆောင်ပေးလိုက်သည့် သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု အတွက် တာဝန်ယူကြရသည်။ သတင်း ရယူသူ ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ရရှိမှသာ ၎င်းတို့၏ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ကမ္ဘာလောကကြီးကိုဖြစ်စေ မှန်ကန်စွာ နားလည်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

(၂၈-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၈,၂၃၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၁၂) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၂၆,၄၀၂) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၅,၆၉၇) ဦး ရှိပြီ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း (Early Childhood Intervention- ECI) စီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

(၂၇-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၂၅) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

အရည်အသွေးကောင်း အားလူးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တစ်သျှူး နည်းပညာ အသုံးပြု၍ မျိုးအာလူးထုတ်လုပ်နိုင်ရေးကို ဌာနပိုင် သုတေသန ဓါတ်ခွဲခန်းများ၊ စိုက်ပျိုး ရေးခြံများ နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအတွက် စီမံချက်များ စနစ်တကျ ညှိနှိုင်းရေးဆွဲရန် လိုအပ် ကြောင်း၊ ရေရှည်တွင် စီးပွားဖြစ် မျိုးထုတ်လုပ်ခြင်းနှင့် မျိုးသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းကို ပုဂ္ဂလိကပိုင်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်း များ ထိရောက်အောင်မြင်ရေးအတွက် ဘက်စုံပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း ဇွန်၂၇ ရက်က ရှမ်းပြည်နယ် ဟဲဟိုးအာလူး အသင်း၊ နောင်တရား အာလူးစိုက်တောင်သူ အသင်းများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (C)ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်