Skip to main content

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၈

အကူသူနာပြု (ပြင်ပ) (၉) လသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၈

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ ဖေဖော်ဝါရီ ၂၈

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) တွင် တက်ရောက်လျက်ရှိသော ၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှ ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့ယဉ်ကျေးမှုအနုပညာများကို စနစ်တကျထိန်းသိမ်းကာ လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ယဉ်ကျေးမှုအဖွဲ့များနှင့်  အနုပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့ ည ၇ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၈

၂၀၂၀ ပြည့်နှစ်၊ နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူမှုအားမာန်အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ငွေပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့သည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘားအံ ဇွဲကပင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ပုသိမ်  ဖေဖော်ဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများတင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် သန့်ရှင်းရေး အထူးအလေးထားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ သစ်ဆိန်ပင် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာဓမ္မာရုံ၌ သစ်ဆိန်ပင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး Pyi Thu Dana Co.,Ltd ၏ တည်ဆောက်ရေးကာလအား ပထမအကြိမ် (၃)လနှင့် ဒုတိယအကြိမ်(၃)လ၊ စုစုပေါင်း(၆)လ သက်တမ်းထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်အား အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောတူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

 

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ညောင်ရွှေ  ဖေဖော်ဝါရီ ၂၈

ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အင်းလေးနှင်းဆီ ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါကို ဖြစ်ပွားသောနိုင်ငံများ၌ ထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။ လူတို့အား အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ပင်သေဆုံးနိုင်သော ထိုရောဂါပိုးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ စတင်ဖြစ်ပွားသဖြင့် ဖြစ်ပွား လျှင်ဖြစ်ပွားချင်း ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှု၊ သံသယရှိသည်ဟုယူဆလျှင် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုတို့ကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရသေးပေ။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ(အိုင်စီတီ)က လွန်စွာအရေးကြီးသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကို ဗဟိုပြု၍ အီလက်ထရောနစ်အစိုးရ (e- Government)ကို အကောင်အထည်ဖော် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့် အီလက်ထရောနစ်အစိုးရ(e - Government)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိအခြေအနေအရ e - Government သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့် ၁၅၇ ဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ရာတွင်လည်း ဒေသ၏ပျမ်းမျှအောက်အဆင့်တွင်သာ ရှိနေသေးသည့်အလျောက် မ

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

မြို့ပြနေ ပြည်သူလူထု ရှင်သန်နေထိုင်သွားလာရေးကိစ္စအဝဝတွင် လုံခြုံငြိမ်းချမ်း ပျော်ရွှင် တင့်တယ်စွာ နေထိုင်လှုပ်ရှားနိုင်ကြဖို့၊ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြဖို့၊ သန့်ရှင်းသပ်ရပ် လှပကာ ကျန်းမာရေးနှင့် ညီညွတ်သည့်ဝန်းကျင်ရှိစေဖို့ အစရှိသည်တို့ကို မြူနီစပယ်ဌာနဟု ခေါ်သည့် မြို့တော်စည်ပင်သာယာရေးက တာဝန်ယူရသည်။ သည်လုပ်ငန်းများ အားလုံး အတွက် မြို့တော်ဝန်၊ ဒုတိယ မြို့တော်ဝန်နှင့် စည်ပင်သာယာရေးကော်မတီဝင်များနှင့် စည်ပင်သာယာဌာနအသီးသီးမှ ဝန်ထမ်းသီးသီးက တာဝန်ယူကြရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ရေး ဆောင်ရွက်လျက်ရှိရာ သုံးစွဲသူများအနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသည့် ဆင်းကတ်များမှတ်ပုံတင်ထား ရှိမှုကို ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများကို အများ ပြည်သူ သိရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပြန်လည်စစ်ဆေး

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

တယ်လီဖုန်းဆင်းကတ်သုံးစွဲသူများအနေဖြင့် မိမိတို့နာမည်အမှန်ဖြင့် တရားဝင် မှန်မှန်ကန်ကန် မှတ်ပုံတင်သုံးစွဲနိုင်ရေးနှင့် မှန်မှန်ကန်ကန် မှတ်ပုံမတင်သည့် ဆင်းကတ်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်နောက်ပိုင်းမှစတင်ကာ အထွက်ဖုန်းခေါ်ဆိုမှုကို ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တယ်လီဖုန်းသုံးစွဲသူများက ဆင်းကတ်များကို စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရန်အတွက် “ဆင်းကတ်များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေးစကားဝိုင်း”ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်