Skip to main content

Aug 28, 2020

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂.၈ သန်းခန့် တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည်ဖြစ်ရာ ယင်းအစီအစဉ်၏ အစိတ် အပိုင်း တစ်ရပ်အနေဖြင့် စတုတ္ထအကြိမ်မြောက် အထူးကုန်တင် လေယာဉ်သည် တစ်ကိုယ်ရေသုံး ကာကွယ် ရေးဝတ်စုံများ အပါအဝင် ဆေးဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများ တင်ဆောင်လျက် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြှင့်တက်လာသည့်အတွက် မြေနိမ့်ပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များသည်မြစ်ရေ ဝင်ရောက်ပြီး

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

ကချင်ပြည်နယ် အစိုးရအဖွဲ့၀င် လီဆူတိုင်းရင်းသား လူမျိုးရေးရာ၀န်ကြီး ဦးအားတီယောဟန်သည် တာ၀န်ရှိသူများ နှင့်အတူ နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့သည့် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစားများအား တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ပူတာအိုမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ခန်းမ၌ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံ တည်ဆောက် အချောသပ်မွမ်းမံခြင်းလုပ်ငန်းများအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ၏ စုပေါင်း လှူဒါန်းငွေကျပ် ၇၇၇၇၇၇၇ ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန၌ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

ဝေဒနာရှင်တစ်ဦးအား ဖြူစင်သည့်မေတ္တာ၊ စေတနာဖြင့် အထူးဂရုစိုက် ပြုစုပေးပါက ရောဂါဝေဒနာ ပိုမိုသက်သာလာသလို ခံစားကြရပါသည်။ ယနေ့ အချိန်အခါတွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များ အပေါ်တွင် မေတ္တာ၊ စေတနာ၊ ကရုဏာ စသည့်မွန်မြတ်သောစိတ်ဆန္ဒများ ထက်သန်ကြီးမားစွာဖြင့် အထူးဂရုစိုက် ပြုစုစောင့်ရှောက်ပေးနေကြသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့် ရောဂါ ဝေဒနာသည်များ ဆောလျင်စွာ ပျောက်ကင်း ချမ်းသာလိမ့်မည်ဟု ယုံကြည်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 28, 2020

“ကမ္ဘာ့ရာသီဥတု ဖောက်ပြန်လာမှု” ဟုဆိုလျှင် သီးသန့်ဘာသာ ရပ်တစ်ခု သို့မဟုတ် မိမိတို့နှင့် လွန်စွာအလှမ်းဝေးလှသည့် အကြောင်းအရာတစ်ရပ်ဟူ၍ လူတိုင်းက တွေးထင်တတ်ကြသည်။ သို့ရာတွင် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်များကို လူတိုင်းခံစားနေကြရခြင်းဖြစ်ပြီး ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု၏ အဓိကလက်သည်မှာ လူသားများပင်ဖြစ်သလို ကမ္ဘာ့ရာသီ ဥတုဖောက်ပြန်မှုများကို တားဆီးရန်အတွက်မှာလည်း လူတိုင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်၌ မိမိဆန္ဒ အလျောက် စေတနာ့ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် အချိန်ကာလတစ်လခန့်အကြာ တာဝန်ထမ်းဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စေတနာ့ဝန်ထမ်း အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၅)ဦးတို့သည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ထွက်ခွာ သွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum-SEANF) ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ မိတ်ဆက်ဖြန့်ချိပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

၁။ (၂၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ Video Conferencing ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ တက်ရောက်သည်။ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းလည်း ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း(ဖဲကတာ)ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂)နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၈၃) ဦးအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ထောက်ပံ့ငွေများ၊ ရေဝင်ရောက်အိမ်ထောင်စု (၄၂၀) စုအတွက် ဆန်နှင့်စားရိက္ခာများကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများသည် သြဂုတ်လ (၂၆)ရက်နေ့၊ မွန်လွဲပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရံပုံငွေ) ဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို မြို့နယ်/ မြို့စည်ပင်သာယာရေး ကော်မတီများနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပုသိမ်မြို့ မြို့​​တော်ခန်းမတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန် က အဆိုပါနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရာ ယမန်နေ့ နံနက် (၇) နာရီအချိန်က ရွှေယဉ်မျှော်စခန်းရှိ ရေဘေးသင့်မိသားစုဝင်များအား ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများက နံနက်စာအဖြစ် အဟာရပြည့်ဆန်ပြုတ်များသွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀  နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့

ဆက်လက်ဖတ်ရှုရန်