Feb 18, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 18, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည်ရေသောက်စနစ် လက်ဝဲ/လက်ယာ တူးမြောင်းစနစ်များမှ နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 18, 2026
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီးတွင် ယနေ့အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား ပြည်သူ ၃၀၀၀၀ ခန့် လာရောက်ခဲ့ပြီး တည်းခိုဆောင်အခန်းများ ပြည့်သည်အထိစည်ကားခဲ့ကြောင်း မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ထံမှသိရသည်။
Feb 18, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှ ခရီးသွားလာမည့်ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများကို ရှမ်းပြည်နယ်၏ ရေမြေတောတောင်သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန်နှင့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား အနီးကပ်လေ့လာနိုင်ရန်အတွက် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်နှင့် တောင်ကြီးမြို့၏ အလှအပများနှင့် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ-တောင်ကြီး ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်များကို အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ပြေးဆွဲပေးလျက်ရှိပြီး ကလော-အောင်ပန်း-ဟဲဟိုး-ရွှေညောင် (အသွား/အပြန်) (ဟဲဟိုး) ဘဝသံသရာ ရှုခင်းကြည့်ရထား ခရီးစဉ်ကို Package ဖြင့် အထူးရထား စင်းလုံးငှားရမ်းပြေးဆွဲပေးလျက်ရှိရာ ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် ခရီးသွားလာသူများ ကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားကြောင်း သိရသည်။
Feb 18, 2026
နိုင်ငံတော်ဩဝါဒါစရိယ သောဠသမရွှေကျင် သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။
Feb 18, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီ၌ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ဆက်လက်ကျင်းပသည်။
Feb 18, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Feb 18, 2026
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအနွယ်ဖွား တိုင်းရင်းသားလူမျိုးများသည် ပထဝီအနေအထားအရ မတူကွဲပြား နေထိုင်ကြသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ အတူကြီးပြင်း လာခဲ့ကြသည့် မိသားစုဝင်များဖြစ်သည်။ အနေဝေးသော်လည်း သွေးမဝေးစေဘဲ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး အတူရှင်သန်ဖွံ့ဖြိုးစေနိုင်ရန်အတွက်လည်း နိုင်ငံတော်က ပေါင်းစည်းဆက်နွှယ်ပေးလျက်ရှိသည်။
Feb 18, 2026
အများပြည်သူ ကူးသန်းသွားလာရေးနှင့် ကုန်စည်များ သယ်ဆောင်ရောင်းဝယ်ရေးတို့အတွက် အဓိကအားထားအသုံးပြုနေရသည့် မြစ်ကူးတံတားကြီးတစ်စင်းကို အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ပြန်ပြီဖြစ်သည်။ ကယားပြည်နယ် ဖားဆောင်းမြို့အနီး ဖားဆောင်း-မယ်စဲ့ - ဘီပီ(၁၃) ကားလမ်းပေါ်တွင်တည်ရှိသော သံလွင်တံတား (ဖားဆောင်း) ကို KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
Feb 17, 2026
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၂) သို့ တက်ရောက်ကြမည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
Feb 17, 2026
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၆ ခုနှစ်)
Feb 17, 2026
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ယနေ့နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Feb 17, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 17, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ မြို့နယ် သစ်တောဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Feb 17, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Feb 17, 2026
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Feb 17, 2026
ဒေသဝမ်းစာဖူလုံရေးအပြင် ဈေးကွက်လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးတောင်သူ ဦးမြတ်မင်းလတ်၏ ဒေသဆိတ် (ထိန်စမ်း) မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 17, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း၌ ဝန်ကြီးဌာနအောက် ဦးစီးဌာန လေးခုမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
Feb 17, 2026
မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့ပူးပေါင်း၍ “AML/CFT Compliance Awareness Training for Accountants နှင့် CDD ၊ EDD & STR Red Flag Indicator Typologies ” ခေါင်းစဉ်များဖြင့် အသိပညာမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန် မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနာယက ဒေါက်တာ ခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။
Feb 17, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
