မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၅၀ ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့
Mar 06, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Mar 06, 2025
ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Mar 06, 2025
အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ - ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် မြန်မာနိုင်ငံမှလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ရှာဖွေနိုင်ရေး ရှေးရှု၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Radisson Collection ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Council နှင့် Russia - Myanmar Business Council တို့ ပူးပေါင်းကျင်းပသည့် ရုရှား - မြန်မာ စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပပြုလုပ်သည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီဗစ်တရာဗစ်ချ် လတ်ဗ်ရော့အား ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့အား ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်စားမတ် ၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ ချီးမြှင့်အပ်နှင်းခဲ့သည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Mar 06, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
Mar 06, 2025
မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်ယှဉ်တွဲ၍ ပြည်သူများကြားမှ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။ တပ်မတော်သည် စတင်ပေါ်ပေါက်လာချိန် ကတည်းကပင် တိုင်းရင်းသားပြည်သူများနှင့်အတူ ယှဉ်တွဲ၍ နယ်ချဲ့ကိုတွန်းလှန်၊ ဖက်ဆစ်ကိုတော်လှန်၊ ပြည်တွင်းသောင်းကျန်း သူပေါင်းစုံတို့ကိုနှိမ်နင်းကာ ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်ပေးခဲ့သည်။
Mar 05, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။
Mar 05, 2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများအား ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Mar 05, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘီလာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည်ဖြစ်သည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်၊ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် စစ်ဘက်၊ အရပ်ဘက်မှ သင်တန်းသားအရာရှိများအား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ် Conference Hall ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Mar 05, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၄ ရက်နေ့ညပိုင်းတွင် ရုရှား-အာဆီယံစီးပွားရေးကော်မရှင်ဥက္ကဋ္ဌ Mr. Ivan Polyakov ဦးဆောင်သည့်အဖွဲ့အား မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 05, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 05, 2025
နည်းပညာဆိုင်ရာများကို ကျောင်းသားကျောင်းသားများ သင်ကြားသင်ယူရာတွင် ပိုမိုအထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် သက်မွေးပညာသင်ကျောင်းများသို့ လျှပ်စစ်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းများဖြစ်သည့် ရေဒီယိုပစ္စည်း ၇၅ စုံ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။
Mar 05, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်းနှင့် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူ ကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Mar 05, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
Mar 05, 2025
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တောင် ဥက္ကလာပမြို့နယ်ပဒေသာ အားကစားကွင်းသို့ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ ပေ x ၅၇ ပေ x ၂၃ ပေ) တည်ဆောက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ အားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှု၍ အားပေးစကား ပြောကြားသည်။
