Skip to main content

Feb 23, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ “ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း” စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။

စာပေဟောပြောပွဲတွင် “ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

စာရေးဆရာမ နုနုရည်(အင်း၀)

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၁၁) ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်  အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်းနှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်သဘာ၀ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော် ရုပ်သံလိုင်း (City Channel) ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဟားခါး    ဖေဖော်ဝါရီ      ၂၃

ချင်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအသုံးချနိုင်ရန်အတွက် မတည်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆောင်ရွက်ခဲ့ကြသည့် ခရိုင် ၊မြို့နယ်ရုံးများ စံပြဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ နည်းပြများအား ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုသည့် ဂုဏ်ပြုညစာစားပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၆နာရီက ချင်းပြည်နယ် ဟားခါးမြို့ ခိုင်ကမ်း အားကစားရုံ၌ ကျင်းပပြုလုပ်သည်။   

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ဝမ်းတွင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိထ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတောရိုးစုံ တံတားသစ်အား ၂၀၂၀ ပြည့်နှစ် ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2020

မုဒုံ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ် မုဒုံမြို့ စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစာရိယနှင့် (၆၂) ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ် က္ကုစ္ဆာသယသာသနာ့ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်