Skip to main content

Feb 18, 2020

၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့ခဲ့သည့် သဝဏ်လွှာတွင် "ငြိမ်းချမ်းရေးကို အစိုးရရဲ့ အဓိကဦးစားပေး လုပ်ငန်းကြီး တစ်ရပ်အဖြစ် သတ်မှတ်လို့ မဖြစ်မနေအောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါတယ်" ဟု မိန့်ကြားခဲ့ပြီး ပင်လုံမြို့တွင်ကျင်းပခဲ့သည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "နိုင်ငံအတွက် အသက်တမျှ အရေးတကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူသွားကြဖို့" လမ်းညွှန် မြွက်ကြားထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အာဆီယံနိုင်ငံများ၏ မူးယစ်ဆေးဝါးနှင့် ပရီကာဆာစုံစမ်းထောက်လှမ်း ရေးကျွမ်းကျင်သူများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ Mercure Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ Precursor Programme Ma-nager, Mr. Reiner Pungs တို့က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Norwegian People's Aid (NPA) အဖွဲ့အစည်း၏ Country Director ဖြစ်သူ Ms. Marte Graff Jenssen ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop)များ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ  ၂ နာရီတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၈

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၈

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဂျာမန်လွှတ်တော်မှ အာဆီယံပါလီမန်များ၏ဥက္ကဋ္ဌ Mrs. Renate Kunast နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ဆက်လက်ကူညီပေးရေး၊ ဥပဒေပြုရေးဆိုင်ရာကိစ္စနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပြင် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်