Feb 02, 2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သော ကိုရိုနာဗိုင်းရပ်စ် ပိုးမွှားကူးစက်မှု ကမ္ဘာအနှံ့အပြားဆီသို့ ရောက်ရှိလာသည့်အခါ နိုင်ငံတကာတွင် အရေးပေါ်အချက်ပေး ခေါင်းလောင်းသံများ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ရောဂါပိုးကူးစက်မှုပျံ့နှံ့သည်မှာ မြန်ဆန်ခြင်း၊ လူလူချင်းကူးစက်နိုင်ခြင်း၊ ရောဂါ၏ထိုးနှက်မှုက ပြင်းထန်ခြင်း၊ သေကျေပျက်စီးရသည်အထိ ဖြစ်လာခြင်း တို့က နိုင်ငံအသီးသီးကို ချက်ချင်းဆိုသလို နိုးကြားသွားစေ၏။
Feb 02, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့်အတူ ကိုရီးယား ကြက်ခြေနီလူငယ်များသည် ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ကျိုက်အင်းအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
Feb 02, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးအစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက်အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁
(၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၁ ခုနှစ် တပို့တွဲ လဆန်း ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်(သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအတုလ ဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာ တော်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ပင့်လျှောက်ထားခဲ့သည်။
Feb 01, 2020
ဘားအံ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်မြောက်ဖျားရှိ တောင်တန်းဒေသဖြစ်သော သံတောင်ကြီးမြို့နယ်အတွင်းရှိ သံတောင်မြို့၊ ဘောဂလိ မြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။
Feb 01, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၇) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၊ ရန်ကုန်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
Feb 01, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂
2019 Novel Coronavirus ရောဂါ သံသယလူနာတွေ့ရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်သည်။
Feb 01, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံဖြစ်သည်။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မိမိလူမျိုး၊ မိမိအသိုင်းအဝိုင်း ကွက်ကွက်ကိုသာ ရွေးချယ်ကြည့်ရှု ဆက်ဆံ၍ရမည်မဟုတ်ပေ။ ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားသော လူမျိုးများအားလုံးတို့ကို နားလည်ရန်၊ သိရှိရန်၊ ဆက်ဆံရန် လိုအပ်မည် ဖြစ်သည်။
Feb 01, 2020
လူတစ်ဦး ကျန်းမာစွာရပ်တည်ရှင်သန်နိုင်ရန်အတွက် လူ့ခန္ဓာကိုယ်တွင် ကောင်းမွန်သော ကိုယ်ခံအားစနစ် တည်ဆောက်ထားသည်။ ကိုယ်ခံအားစနစ် ကောင်းမွန်စွာ လည်ပတ်နေမှသာ အနာရောဂါကင်းရှင်းပြီး ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ဖွယ် ရောဂါများ ဖြစ်ပွားနေသော ယနေ့ကာလတွင် ကိုယ်ခံအားစနစ် ခိုင်မာအားကောင်းစေသော စားသောက်နေထိုင်မှု ပုံစံများကို နေ့စဉ်သတိပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။