Mar 21, 2025
ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) ဖွင့်ပွဲအခမ်းအနားကို မတ် ၁၈ ရက်က သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မြတ်ဘုန်းရောင်သင်တန်းခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က တက်ရောက်အမှာစကားပြောကြားသည်။
Mar 21, 2025
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque နှင့်အဖွဲ့အား ယနေ့တွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 21, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Mar 21, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Mar 21, 2025
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ငတရော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ် ၁၉ ရက်တွင် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများထွက်ပြေးနေရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားလျက်ရှိသည်။
Mar 21, 2025
မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၇၉ ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၅၃ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Mar 21, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
Mar 21, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
Mar 21, 2025
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည့် အာဆီယံအိုင်ဗွီအို (ICT Virtual Organization of ASEAN Institutes and NICT-ASEAN IVO) သုတေသနစီမံကိန်းဖြစ်သည့် (Cyber to Real World Integrated Testbed for Dam Safety Management and Water Governance System) ရေအားလျှပ်စစ်ထုတ်ဆည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေကြီးရေလျှံမှုထိန်းချုပ်ရေးဆိုင်ရာ ဆိုက်ဘာရေစီမံခန့်ခွဲမှု စနစ် ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Mar 21, 2025
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှုကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။