Skip to main content

Nov 13, 2025

မြန်မာနိုင်ငံသည် သမိုင်းကြောင်းအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ လွတ်လပ်စွာဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံဖြစ်သည်။  လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံအဖြစ် အစဉ်အဆက် တရားဝင်ရပ်တည်နိုင်ခဲ့သည်။ အချုပ်အခြာအာဏာသည် နိုင်ငံသားထံမှဆင်းသက်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်တည်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့်ဝါဒဖြစ်သည်။ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းလည်းမရှိ မိမိနိုင်ငံ၏ ပြည်တွင်းရေးအားဝင်ရောက်စွက်ဖက်ခြင်းကိုလည်း လက်မခံသည့်နိုင်ငံဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 13, 2025

​​​​​​​ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးတွင်းအချိုဓာတ်များနေသော ရောဂါဖြစ်သည်။ ကမ္ဘာပေါ်တွင် လူ ၁၀ ဦးလျှင် တစ်ဦးခန့်မှာ ဆီးချိုသွေးချိုဖြစ်ပွားလျက်ရှိပြီး လာမည့်ဆယ်စုနှစ်များအတွင်း ဆီးချိုသွေးချိုဖြစ်ပွားနှုန်း ပိုမိုမြင့်တက်လာမည် ဟု အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်(IDF)၏ အချက်အလက်များက ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

မန္တလေးမြို့ နန်းမြို့တွင်းရှိ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း၏ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂီတအနုပညာရှင်များက အသိပညာပေးနှိုးဆော်မှုများရိုက်ကူးရေးတွင် ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးသန့်ဇော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေaသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ “အကြမ်းဖက် PDF အဖွဲ့ မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ဧရာဝတီတံတား (ရတနာသိင်္ဂ)” ခေါင်းစဉ်ဖြင့် ၁၂-၁၁-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ လာမည့်အပတ် ၁၉-၁၁-၂၀၂၅ ရက် မွန်းလွဲ ၁ နာရီတွင် “တိုင်းပြည်လည်းနာရသလို ပြည်သူလည်းနာရတဲ့ အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲဖျက်ဆီးသတ်ဖြတ်မှုများ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်ပါသည်။ အထက်ပါအစီအစဉ်အား အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်တာဝန်ရှိသူများကို တွေ့ဆုံ၍ ဖျာပုံမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာသီကာလတွင် ရေချိုဆုံးရှုံးမှုမရှိစေရေးနှင့် မိုးရာသီကာလဒီရေတက်ချိန်တွင် ရေငန် ဝင်ရောက်မှုမှ ကာကွယ်နိုင်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ​ဖော်ပြသည့် “မြန်မာ့စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်စို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ကယားပြည်နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့်အတူ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအားကစားဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အိန္ဒိယသမ္မတနိုင်ငံ National Institute for Smart Government (NISG) မှ Advisor Technology & Consulting Mr. Sanjeev Bhatia နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2025

ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်