Skip to main content

Mar 19, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာန၌ တနင်္သာရီငါးလုပ်ငန်းသုတေသနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ခရုကမာ စမ်းသပ်သားဖောက်မွေးမြူခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ မာရီယို ဟိုဆေး အာမန်ဂိုလ် ကမ်းပို့စ် အား ခန့်အပ်ရန် နီကာရာဂွါသမ္မတနိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

ယနေ့ ၂ဝ၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်၌ မွန်ပြည်နယ်နှင့် ဒေသအသီးသီးရှိ မွန်တိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

၂၀၂၅ ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် မော်လမြိုင်လေဆိပ်သို့ ရောက်ရှိကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုဖြစ်သည့် International Buddhist Confederation (IBC) အထွေထွေအတွင်းရေးမှူး Ven.Shartse Khensur Rinpoche Jangchup Choeden နှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူရေးသည် အရေးကြီးသောကဏ္ဍများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်း စားရေရိက္ခာဖူလုံပြီး ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များမှာ အချိန်ကာလသတ်မှတ်ချက်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းဖြစ်သည့်အလျောက် အချိန်ယူဆောင်ရွက်နေ၍မရဘဲ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ အထူးသဖြင့် အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်နေရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့ ၅ ဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီးနှင့် MERCEDES BENZ ယာဉ်(၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း၏ အစီအမံဖြင့် သန်းလွင်မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင်ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့်အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့်ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2025

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့   နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသား  ၁၆၉ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၁၈၉ ဦးတို့အား  မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၄၂ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်