Sep 12, 2024
ယခုနှစ်မိုးရာသီအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ တပ်ကုန်း-မကျည်းပင်၊ မကျည်းပင်-ညောင်လွန့်၊ ရမည်းသင်း-အင်ကြင်းကန်၊ ပျော်ဘွယ်-ရှမ်းရွာ၊ သပြေတောင်း-သဲတောဘူတာအကြားနှင့် သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းရှိ သာစည်-လှိုင်းတက်၊ လှိုင်းတက်-ဘုရားငါးဆူ၊ ဘုရားငါးဆူ-ယင်းမာပင်၊ မြင်းဒိုက်-ကလော၊ ကလော-အောင်ပန်း၊ ထီသိမ်-ပေါမူဘူတာအကြား လမ်းပိုင်းများနှင့် အောင်ပန်းဘူတာ ယာဒ်ဝင်းတို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်၍ တံတားများ ရေတိုက်စားပြီး ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်- မန္တလေးနှင့် သာစည် - ရွှေညောင် ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ယာယီရပ်နားထားကြောင်း သိရသည်။
Sep 12, 2024
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
Sep 12, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 12, 2024
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ စက်တင်ဘာ ၁၃ ရက် (သောကြာနေ့) ည ၉ နာရီတွင် “မိဘမေတ္တာ” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
Sep 12, 2024
“ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ်ကို MRTV- HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိရာ စက်တင်ဘာ ၁၄ ရက် (စနေနေ့) နံနက် ၁၁ နာရီတွင် လှိုင်သာယာ (၁) မူလတန်းကြိုကျောင်းနှင့် မင်္ဂလာဒုံမူလတန်းကြိုကျောင်းတို့မှ ကလေးငယ်များ ပါဝင်ကစားကြပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
Sep 12, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂ ရက်မှ စက်တင်ဘာ ၈ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၇ ဒသမ ၁၅၇၄ တန်၊ သစ်မာ ၁၆ ဒသမ ၄၄၁၆ တန်၊ အခြား ၁၀ ဒသမ ၃၅၄၄ တန် စုစုပေါင်း ၄၃ ဒသမ ၉၅၃၄ တန်၊ ယာဉ်/ယန္တရား ၁၃ စီး၊ တရားခံ ၁၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Sep 12, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြို အသိပညာပေးလှုပ်ရှားမှု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုစကားဝိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
Sep 12, 2024
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၀)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၄)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကေတုမတီခန်းမ၌ ကျင်းပသည်။
Sep 12, 2024
ခေတ်သစ်ကျေးကျွန်စနစ်ဟုဆိုသည့် လူကုန်ကူးမှုသည် မိမိတို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားလျက်ရှိသည်။ လူကုန်ကူးမှုပြဿနာ၏ ဆိုးကျိုးများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများက ပိုမိုခံစားနေရခြင်းဖြစ်ရာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် မြန်မာနိုင်ငံသားများမှာ လူကုန်ကူးမှုပိုမိုကြုံတွေ့ နေရသည်ဟု သိရသည်။
Sep 12, 2024
စက်မှုသင်တန်းကျောင်း (Industrial Training Center – ITC) များအား မြန်မာနိုင်ငံအမျိုးသားအဆင့် ပညာရေးအရည်အသွေးမူဘောင် အဆင့်အတန်းသတ်မှတ်နိုင်ရေးနှင့် ရှေ့ဆက်လက်ပေါင်းစပ် ပညာသင်ကြားရန်အတွက် ချိတ်ဆက်ဖော်ဆောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 12, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေဆင်းနှင့် ပေါင်းလောင်းရေလှောင်တမံများ၊ ပင်လောင်းလမ်းဆုံနေရာ၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများသို့ သွားရောက်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေမှုကို ထိန်းသိမ်းစီမံဆောင်ရွက်နေမှု၊ တမံများ၏ကြံ့ခိုင်မှုအခြေအနေ စောင့်ကြည့်စီမံနေမှုနှင့် ချောင်းများ၏ ရေစီးဆင်းမှု အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဧရိယာအတွင်းနှင့် အနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများရှိနိုင်ပါက ကြိုတင်အသိပေး ကြေညာမှုများဆောင်ရွက်ရန်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။
Sep 12, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ သာကေတမြို့နယ် SKT International School ရှိ စာသင်ခန်းများ၊ စားသောက်ခန်းမ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစားခန်း၊ Theatre ခန်းမတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
Sep 12, 2024
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။
Sep 12, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်အဆောက်အဦ သုံးထပ်(RC)တည်ဆောက်မည့်မြေနေရာ၌ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး ကြိုတင်ကြည့်ရှုစစ်ဆေးသည်။
Sep 12, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဗိုလ်ချုပ်ကြီး တုန်ကျွင်း (Admiral Dong Jun) ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် (၁၁)ကြိမ် မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (11th Beijing Xiangshan Forum) သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
Sep 12, 2024
ယခုရက်များအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။ အချို့အနိမ့်ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး ပြည်သူများ ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံ၌ ရက်များရှည်ကြာမိုးသည်းထန်စွာရွာသွန်းနေသည့် အကြောင်းရင်းသည် အရှေ့ဘက်၌ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ ဖြတ်ကျော်တိုက်ခတ်လာသည့် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်များကြောင့် ဖြစ်သည်။
Sep 11, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းတွင် အရပ်သား ၃ ဦးထက်မနည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။
Sep 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့ကို စက်တင်ဘာ ၁၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခြင်းနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Sep 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 11, 2024
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် ၈ ရက်နေ့တွင် နေရာကျဲကျဲ၊ ၉ ရက်နေ့တွင် နေရာစိပ်စိပ်၊ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ယနေ့တွင် မိုးရေချိန် အနည်းဆုံး ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မအထိ ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများ အဆက်မပြတ်မြင့်တက်လျက်ရှိသည်။
