Sep 11, 2024
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ်စုဝေးခန်းမ၌ ကျင်းပသည်။
Sep 11, 2024
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King'sCup) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
Sep 11, 2024
အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) ၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။
Sep 11, 2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 11, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့တက်ရောက်အမှာစကား ပြောကြားသည်။
Sep 11, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆပ်ကော်မတီတစ်ခုချင်းအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 11, 2024
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (9th Eastern Economic Forum– EEF) သို့ တက်ရောက်ခဲ့သည်။
Sep 11, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ကိုချမှတ်ထားသည်။ နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍမှတစ်ဆင့် လူငယ်လူရွယ်ပြည်သူအားလုံး ကျန်းမာကြံ့ခိုင်ရေးသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေးတို့ကိုပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Sep 11, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။
Sep 11, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ငွေကြေး၊ ပစ္စည်း၊ လူ့စွမ်းအားဟူ၍ အရင်းအမြစ်သုံးရပ်လိုအပ်သည့်အနက် လူ့စွမ်းအားအရင်းအမြစ်က အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည်။ နိုင်ငံကောင်းကို လူ့စွမ်းအားအရင်းအမြစ်ကောင်းဖြင့်သာ တည်ဆောက်နိုင်ခြင်းကြောင့် တန်ဖိုးမြင့်လူသားအရင်းအမြစ်ရရှိစေရန် ပညာရေးတွင်အလေးထား၍ ရင်းနှီးမြှုပ်နှံကြရသည်။
Sep 10, 2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့အတွင်း စက်တင်ဘာ ၈ ရက်နေ့မှစ၍ ယနေ့အထိ မိုးသည်ထန်စွာရွာသွန်းပြီး တောင်ကျရေများ နမ့်လပ်ချောင်းအတွင်းသို့ဝင်ရောက်ကာ ချောင်းရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
Sep 10, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဩဂုတ်လအတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Sep 10, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
Sep 10, 2024
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၈ ရက်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း နှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လုပ်ကြံ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လှုံ့ဆော်ဝါဒ ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။
Sep 10, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအနီး၊ မိုင်းလား- ကျိုင်းတုံသွားကားလမ်းတွင် လော်တားမောင်းနှင်လာသည့် TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၀၄၇ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း) များအား ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Sep 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ၂၀၂၄ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ပြီး ယနေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 10, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ညနေပိုင်းတွင် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။
Sep 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံတွေ့ဆုံပါသည်။
Sep 10, 2024
တာချီလိတ်မြို့၌ ယနေ့ မွန်းတည့် (၁၂)နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၂၉၀) စင်တီမီတာ (၆) ပေကျော်သို့ရောက်ရှိနေပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) အဝင်လမ်းရေကျော်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ လူဦးရေ (၃၈၃၈)ဦးသည် ရေဘေးကြုံတွေ့နေရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
