Skip to main content

Sep 11, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့် ပြည်သူများအား ယနေ့ညနေပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းမှူကြောင့် နဝင်းချောင်းရေမြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဥ်းကပ်လမ်းမြေသား) ၄ ပေခန့် ရေစီးတိုက်စားသွားသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းလူ/ ယာဥ် သွားလာ၍ မရသည့်အတွက် တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှ ယာဉ်များ သွားလာလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများကို ယနေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းမှစ၍ ယနေ့ထိမိုးများ အဆက်မပြတ်ရွာသွန်းခြင်း‌ကြောင့် ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အောင်ပန်းကျေးရွာနှင့် ကျည်တောင်ကန်‌ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေမြင့်တက်လာ၍ ကျည်တောင်ကျေးရွာနှင့် သာယာဝှမ်းကျေးရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့ကြောင်း ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်း (၃) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ရန်ကုန်-မန္တလေး မီးရထားသံလမ်းပေါ်ရှိ တံတားတစ်စင်းတွင်လည်း တံတားကိုထိန်းကွပ်ထားသည့် သံဘောင်မှာ ရေတိုက်စားခံရသဖြင့် ပြုတ်ထွက်သွားသည့်အတွက် မီးရထားလိုင်းများ ပြေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီရပ်နားထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပျော်ဘွယ်မြို့နယ်တွင် စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်(၈)နာရီခွဲခန့်တွင် ကျောက်ဆည်ကန်ဘောင်ကျိုးပေါက်၍ ကျောက်ဆည်ကန်အနီးနှင့် အောက်ဘက်ရှိကျေးရွာ အချို့တွင် ရေနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာပြီး စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်းနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ် မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မုခ်ဦးနှင့် ဆုပေးမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ရန်ကုန် တိုင်းဒေသကြီးအတွင်း ယမန်နှစ်ဆောင်းရာသီ၌ ဆီထွက်သီးနှံ ဧက ၈၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဆောင်းရာသီတွင် ၁၉၈၇၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တစ်နှစ်ထက်တစ်နှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်ရာ၌ ယခုနှစ်ဆောင်းရာသီတွင် နေကြာဆီထွက်သီးနှံအား လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် (၁၅၀) သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်(၉၀)သိန်း စုစုပေါင်းငွေကျပ် (၂၄၀) သိန်းကျော်ဖြင့် တည်ဆောက်ပြီးစီးသည့် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စုရှိ သုတရတနာစာကြည့်တိုက်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်သစ်အဆောက်အဦတည်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

မြန်မာ့ထွက်ကုန်ပဲကြီးများ မန္တလေးဈေးကွက်အတွင်း၌ ယခုရက်ပိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကြောင့် အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှသိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေးကော်မတီ၏ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှမန်မြို့၌ စက်တင်ဘာ ၇ ရက်မှ ၁၁ ရက် အထိကျင်းပလျက်ရှိသည့် (၂၄) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 24th China International Fair for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်(Electric Vehicle၊ EV) နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း၌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင် ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 11, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၁၆၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုးနှင့် ဆိုင်ကယ်အပိုပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၇၃၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head နှစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၈၉၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်