Sep 08, 2024
ယနေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ ၂၀၂၄ ခုနှစ်နိုင်ငံ တကာစာတတ်မြောက်ရေးနေ့အတွက် “အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကိုမြှင့်တင်ကြပါစို့” ဆောင်ပုဒ်ကို ချမှတ်ထားသည်။ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ထူးခြားချက်မှာ ကမ္ဘာတစ်ဝန်းရှိ လူမျိုးပေါင်းစုံတို့၏ ဘာသာစကားအလိုက် တတ်မြောက်နားလည်မှုမှသည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ချစ်ကြည်ရင်းနှီးမှုကို ရည်ညွှန်းထားဟန်တူသည်။
Sep 08, 2024
စာတတ်မြောက်ခြင်းသည် လူသားတစ်ဦးအတွက် အရည်အသွေးတစ်ရပ်ပင်ဖြစ်ပြီး လူမှုဘဝတိုးတက်မြင့်မားရေးအတွက် အရင်းအမြစ်တစ်ခုကို ပိုင်ဆိုင်ခြင်းလည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့်မူ နိုင်ငံသားတိုင်းစာတတ်မြောက်ကြရန်၊ အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ခြင်းမှသည် ဗဟုသုတကြွယ်ဝသူများ၊ ကျွမ်းကျင်သူများဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်ကောင်းပိုင်ဆိုင်နိုင်ရန် အရေးကြီးသည်။ ထို့အပြင် လူတိုင်းစာတတ်မြောက်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးတို့အတွက်လည်း အရေးပါသည်။
Sep 07, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 07, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Naypyitaw State Academy နှင့် Naypyitaw State Polytechnic University တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 07, 2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၆)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Sep 07, 2024
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ ဖြည့်စွက်ခန့်ထားခြင်း
Sep 07, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ ဗုဒ္ဓဘာသာအသင်းမှ ဥက္ကဋ္ဌဆရာတော် Hu Xuefeng ဦးဆောင်သော ဗုဒ္ဓဘာသာဗျူရိုမှ အဖွဲ့ဝင်များပါဝင်သော ဧည့်သည်တော်အဖွဲ့သည် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်ရှိ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးအား သွားရောက်ဖူးမြော်ကြပြီး အလှူငွေများ ပေးအပ်ခဲ့ကြသည်။
Sep 07, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 07, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကနောင်ခန်းမ၌ အလုပ်သမားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။
Sep 07, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စုပေါင်းခန်းမ၌ အဆိုပါဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 07, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 07, 2024
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ (၅) ကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဦးဆောင်ကော်မတီ (Joint Steering Committee- JSC) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 07, 2024
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း ၂၀၂၂ ဖြင့် ဆောင်ရွက်သော အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ပေါ်ထွက်နိုင်ရန်အတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ရှိဆောင်ရွက်နေမှုများနှင့် အမျိုးသားလူမှုစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနေမှုများကို Stakeholders များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ထွက်ပေါ်လာစေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
Sep 07, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် JAC E10X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Sep 07, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 07, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင် သရက်မြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Sep 07, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၉ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပျက်စီးခဲ့သည့် ကြတ်ချောင်းတံတား၏ ရန်ကုန်ဘက်ကမ်း (A1) Median Wall အောက်ခြေ Toll Wall ကို ယာယီအစီအစဉ်ဖြင့် မျောရိုက်၍ဝါးကပ်ကာ သဲအိတ်ဖြည့်စီမြေကာနံရံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီကုန်ဆုံးပါက ရေလမ်းကြောင်း အကျယ်လုံလောက်မှုရှိစေရေး ရနိုင်သလောက်ချဲ့ပေးရန်နှင့် ပြိုကျနေသောအပိုင်းများကို သိမ်းဆည်းပြီး RC နံရံအသစ်ဖြင့် တည်ဆောက်ရန်မှာကြားသည်။
Sep 07, 2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မိတ္ထီလာတောင်ကန်နှင့် မြောက်ကန်ရေသောက်စနစ်များ၏ မိုးစပါးရေပေးဝေမှု၊ ရေသောက်စနစ်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် မိတ္ထီလာကန်ရေသိုလှောင်ထားရှိမှု၊ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေသောက်စနစ်အတွင်း သီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိရန် ခက်ခဲသော အချို့ဧရိယာများတွင် မြေအောက်ရေထုတ်ယူသုံးစွဲ နိုင်ရေးနှင့် စိုက်ပျိုးရေရှိနိုင်ရေး နည်းလမ်းပေါင်းစုံ ဖြင့် စီမံဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
Sep 07, 2024
၁။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆) တွင် ပါတီရုံးချုပ်တည်ရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Unity and Development Party) က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၅-၉-၂၀၂၄ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။
