Skip to main content

Jul 08, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

၁။  မြေပြိုဘေးအန္တရာယ်သည် ဇွန်လမှ ဩဂုတ်လများတွင် အဖြစ်များပြီး ကျန်ကာလများတွင်လည်း ရံဖန်ရံခါဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မြေပြိုဘေးသည် ပစ္စည်းဥစ္စာဆုံးရှုံးမှု အလွန်နည်းပါးသော်လည်း လူသေဆုံးမှု၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

၁။ မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာရွာသွန်းမှုကြောင့် လျှပ်တပြက် ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

အကြောင်းအမျိုးမျိုးကြောင့် အရေးယူခံရ၍ အလုပ်သမားဝန်ကြီးဌာနမှ ရာသက်ပန်ပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ဌာန၏ ယာယီရငွေစာရင်းသို့ ပေးသွင်းထားသည့် လိုင်စင်အာမခံစပေါ်ငွေများအား ပြန်လည်ထုတ်ယူခွင့်မရှိကြောင်းနှင့် အဆိုပါလိုင်စင်အာမခံစပေါ်ငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေးသွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် (၂၅-၆-၂၀၂၄)ရက်နေ့မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ကွင်းဆင်းအဖွဲ့များနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် ဘရာဇီးနိုင်ငံထုတ်တိရစ္ဆာန်အစားအစာကုန်ကြမ်း ၇၈၉၄၆ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၆၃၀၃၇၂) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် YOTO Digital Timber Ports အစုံ ၃၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၅၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၉၈၀၃၇၂ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အထွေထွေညီလာခံကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီနာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မာရဝိဇယဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှင့် အဘယရာဇမုနိဗုဒ္ဓဆင်းတုတော်မြတ်ကြီးနှစ်ဆူတို့အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသီရိအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအားတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်မင်းမင်းစိုးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်တို့၏ သားသမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်တို့၏ သားသမီးများ စုစုပေါင်း ၄၀ တို့အား Artillery Gummers Foundation မှ ဇူလိုင် ၆ ရက်တွင် ရန်ကုန်နယ်မြေခံတပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်သည့် အခမ်းအနားကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဇူလိုင် ၄ ရက်က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်သို့ ရောက်ရှိပြီး သူကောင်းတည်လျှပ်စစ် မြစ်ရေတင်စီမံကိန်းရေပေးဝေရေးလုပ်ငန်းများနှင့် ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် နွေစပါးဆင်းသုခမျိုးစေ့ထုတ်စံပြစိုက်ကွက်၏ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ ဧကာဒသမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ MELIA Yangon Hotel ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး (ဗဟို) က ကျင်းပသည့် (၁၄)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြုကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ Plenary Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီမှကြီးမှူး၍ ၂၀၂၄ ခုနှစ် ရွှေမန်းမောင်မယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စတုတ္ထအကြိမ်) ကို ယနေ့နံနက် ၉ နာရီ က တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ နောင်နန်း(၈)မိုင် AG အသင်းတော် ၌ ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာစခန်းသို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ကျား/မ ရှပ်အင်္ကျီများ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သည့် ငွေကျပ် ၉၄၃၀၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၅၀၊ ငါးသေတ္တာလေးဖာ၊ ခေါက်ဆွဲ ခြောက် ၂၄၃ ဖာ၊ ဆီ ၁၀ ပိဿာပုံး ၂၀ နှင့် ရေသန့်ဘူးများ စသည့် အခြေခံစားသောက်ကုန်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သည့် ငွေကျပ် ၂၇၆၈၉၀၀ဝ တန်ဖိုးရှိ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ရောက်ရှိရာ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှုအခြေအနေများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 08, 2024

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နှင့် သာကေတမြို့နယ် အနော်မာရပ်ကွက်တို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းပင် ကောလာဟလသတင်းစကားပေါ်ထွက်လာသဖြင့် ပြည်သူများစိုးရိမ်ပူပန်မှုမဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော်လိုက်နာသိရှိဆောင်ရွက်ရမည်တို့ကို ပြုလုပ်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်