Skip to main content

Jun 21, 2024

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် အဝေးသင်သင်တန်း ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၆-၁၂-၂ဝ၂၃ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂ဝ၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၅-၂-၂၀၂၄ ရက်နေ့မှ စတင်လက်ခံခဲ့ရာ ၂၈-၆-၂၀၂၄ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များတွင် ဆောင်ရွက်ကြရန် ထပ်မံနှိုးဆော်လိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇) ပါးစုံညီ သတ္တရသမအစည်းအဝေးကို ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၊ ၂၊ ၃၊ ၄ ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်၊ ဝါဆိုလဆန်း ၁ ရက်၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅၊ ၆ ရက် သောကြာ၊ စနေနေ့များတွင် သတ္တရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်မှတ်တမ်း၌ နယုန်လပြည့်နေ့ကို ငြိမ်းချမ်းရေးကိုအကြောင်းပြုသည့်နေ့ဟုအဆိုရှိခဲ့သည်။ အကြောင်းမှာ နယုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်က ငြိမ်းချမ်းရေးကိုရည်ညွှန်းသည့်တရားတော်များ ဟောတော်မူခဲ့သည်။ နယုန်လပြည့်နေ့အနှစ်ချုပ်မှာ မဟာသမယသုတ္တန်ဖြစ်သည်။ နယုန်လပြည့်နေ့တွင် စာတော်ပြန်ပွဲများ ကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 21, 2024

နယူးဇီလန်နိုင်ငံတွင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အိမ်တွင်းအကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုများ၊ လူမှုရေးပြဿနာများ၊ ကုန်ထုတ်လုပ်မှုကျဆင်းမှုနှင့် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲပျက်ကွက်မှုများ၊ ရာဇဝတ်မှုများ စသည့်ထိခိုက်ဆုံးရှုံးမှုများ တန်ဖိုးများမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀၀ ခန့်ရှိသည်ဟု နိုင်ငံတကာ သတင်းတွင်တွေ့ရသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်တစ်ခုတွင်မူ တရားမဝင်ချက်လုပ်ရောင်းချသည့် အရက်ကိုဝယ်ယူ သောက်သုံးကြသူ လူ ၃၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဆေးရုံတင်လိုက်ရကြောင်း အခြားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၈ ရက်နေ့တွင် ပြည်သာအေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် တပ်မတော်နှင့် PNO အဖွဲ့တို့က ဇွန်လ ၁၇ ရက်နေ့တွင် စစ်အသုံးစရိတ်ဟုဆိုကာ တစ်အိမ်လျှင် ၅ သိန်းကျပ်မှ ၈ သိန်းကျပ်အထိ လိုက်လံကောက်ခံနေကြောင်း မှန်ကန်မှုမရှိသောသတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော လူမှုစီးပွား မြှင့်တင်ရေးပါတီ သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ ပထမအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်နှင့် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း (မြင့်မြတ်စာကြည့်တိုက်) တို့ ပူးပေါင်းစီစဉ်ကျင်းပသော “စာကြည့်တိုက်များကပေးသော အကျိုးကျေးဇူးများ” စာပေဟောပြောပွဲကို ယမန်နေ့က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ရှိ မြင့်မြတ်စာကြည့်တိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပလျက်ရှိရာ ပထမအကြိမ် ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ယမန်နေ့ နံနက် (၈) နာရီ အချိန်က ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်သည် ဇွန် ၁၉ ရက်က တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E.Mr.Iskander Azizov နှင့် အလုပ်သဘော တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း လာမည့်လများတွင် အင်းရေတိုးလာတော့မည်ဖြစ်၍ ယခုလက်ရှိပုံမှန်ထက် ပြည်တွင်း ပြည်ပ ငှက်လှေစီးသူဦးရေ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တောင်သမန် ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

မွန်ပြည်နယ် ဇင်းကျိုက်မြို့တွင်ရှိသည့် ဇင်းကျိုက်ရေတံခွန်သို့ နေ့စဉ်လာရောက်လည်ပတ်သူ များပြားနေပြီး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူဦးရေ ထောင်ချီအထိရှိနေကြောင်း မော်လမြိုင်မြို့ ဒေသခံများနှင့် လူမှုကူညီရေးအသင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 20, 2024

ရှမ်းပြည်နယ်၏ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုပိုမိုတိုးတက်ရေးအတွက် လိုအပ်ချက်များ ဆွေးနွေးဖော်ထုတ်နိုင်ရန်နှင့်ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကကဏ္ဍများအလိုက် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန် ပဲပုပ်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်