Jan 03, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၄၇/၅)၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် သုည ဒသမ ၇၃၄ တန် (ခန့်မှန်းတန်ဖိုးငွေ ၄၈၄၅၇၂ ကျပ်)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Succed ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၅၄၈၄၅၇၂ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jan 03, 2024
အမျိုးသမီးများအား တရုတ်အမျိုးသားနှင့် လက်ထပ်ရန်စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
Jan 03, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်များ၏ အသင်းဆိုင်များမှ အသင်းသားပြည်သူများ လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ အသင်းစုများမှ စတိုးဆိုင်၊ ကုန်ပဒေသာဆိုင်၊ ဆန်အရောင်းဆိုင်လုပ်ငန်းများနှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စတီးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသည့်အပြင် သံပန်းသံတံခါးများ တပ်ဆင်ပေးခြင်း၊ အိမ်အလှဆင်ခြင်းစသည့် အိမ်အရောက်ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း သင့်တင့်သောဈေးနှုန်းများဖြင့် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 03, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 03, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် ဒေါ်လာ နှမ်းယို၊ မြေပဲယို၊ မရွေး၊ မြွေနဂါးကြံမွနှင့် ကြံသကာအမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းပိုင်ရှင် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
Jan 03, 2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ၊ ထုပ်ဆီးတိုး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/ အားကစားရုံ များ၌ ဆက်လက်ကျင်းပရာ (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။
Jan 03, 2024
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၅ - ၁၂ -၂၀၂၃ ရက်မှ ၂၉-၁၂- ၂၀၂၃ ရက်အထိ (အစမ်းလေ့ကျင့်ခြင်းအပါအဝင်) စစ်ကိုင်းပညာရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Jan 03, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် လူမှုဖူလုံရေးအကျုံးဝင်ဝန်ကြီးဌာနဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ကြည့်ရှုအားပေးသည်။
Jan 03, 2024
အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
Jan 03, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jan 03, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်
Jan 03, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်နှင့် ဂုဏ်ပြုခန်းမဆောင်ကြီး၌ ကျင်းပမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Jan 03, 2024
ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်
Jan 03, 2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
Jan 03, 2024
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားတိုးတက်ရေးတွင် Intellectual Property ဟုခေါ်ဆိုသည့် ဉာဏပစ္စည်းပိုင်ဆိုင်မှုသည် အရေးအကြီးဆုံးဖြစ်သည်။ စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မှုများ၊ အမှတ်တံဆိပ်၊ ဒီဇိုင်းများနှင့် စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ပန်းချီ အနုပညာရပ်ဆိုင်ရာပစ္စည်းများစသည့် ကနဦးစတင်စွန့်ဦးတီထွင်ဖန်တီးထားသည့် ဉာဏပိုင်းဆိုင်ရာပစ္စည်းများကို ဆိုလိုသည်။
Jan 03, 2024
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရာနှင့်ချီသည့် ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူများ အင်ဒိုနီးရှားသို့ တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာကြောင်း၊ အာချေးပြည်နယ်တွင် ကမ်းရိုးတန်းသို့ ဦးတည်လာသည့် ဒုက္ခသည်လှေတစ်စင်းကို နိုင်ငံတကာရေပိုင်နက်သို့ ပြန်မောင်းပို့လိုက်ကြောင်း စသည်တို့ကို အင်ဒိုနီးရှားဘက်မှ သတင်းများအရသိရှိရပြီး ဒုက္ခသည်များဟု ညွှန်းဆိုထားသည့် အဆိုပါရွှေ့ပြောင်းသွားလာသူများနှင့်ပတ်သက်၍ အင်ဒိုနီးရှားအောက်လွှတ်တော်၏ အေဂျင်စီတစ်ခုမှ လက်ထောက်ဥက္ကဋ္ဌဆိုသူက မြန်မာနိုင်ငံအပေါ် အခြေအမြစ်မဲ့စွပ်စွဲပြစ်တင် ပုတ်ခတ်မှုပြုလုပ်ခဲ့သည့်အပြင် အာဆီယံနိုင်ငံများအတွင်း မမှန်မကန်လှုံ့ဆော်ရန်အထိပါ ပြောကြားခဲ့သည်ဟု သိရသည်။
Jan 03, 2024
နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Jan 02, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးအမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၂) ရက်မှ ဇန်နဝါရီ(၂) ရက်အထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြက်ခင်းပြင်တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။
