Mar 08, 2024
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို တပ်မတော်၏အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ရေး။
Mar 08, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Leapmotor, T03 (Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Bestune Nat E05 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ တရုတ် နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Mar 08, 2024
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဋ္ဌမအကြိမ်မြောက် မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ ကျင်းပသည်။
Mar 08, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက် မြို့ပတ်လမ်းသွယ်ရှိ ကုန်လှောင်ရုံ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ceramic Floor Tile ၁၄၀၀ စတုရန်းမီတာအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 08, 2024
၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူငယ်ပွဲတော် (World Youth Festival 2024 ) ကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် မတ် ၁ ရက်မှ ၆ ရက်အထိ ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားပြု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ လူငယ် ၁၀ ဦး ပါဝင်တက်ရောက်ကြသည်။
Mar 08, 2024
(၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမနှင့် နယ်မြေခံသင်တန်းကျောင်းခန်းမတို့၌ ကျင်းပသည်။
Mar 08, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
Mar 08, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Mar 08, 2024
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ စာပဒေသာ ဒုတိယဆုရ “ယဉ်အောင်ဟိန်း” ရေးသားသည့် “ကျောက်သမား၊ ကျောက်စိမ်းနှင့် ကျောက်လောက” စာအုပ်ကို ၂၀၂၄ ခုနှစ် မတ်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။
Mar 08, 2024
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။
Mar 08, 2024
မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပသည်။
Mar 08, 2024
(၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Mar 08, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ မဟာစည်သာသနာ့ရိပ်သာကျောင်းဝင်းအတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Mar 08, 2024
ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် ဝူရှူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
Mar 08, 2024
နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အခမ်းအနားကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် ရာပြည့်အထိမ်းအမှတ် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Mar 08, 2024
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Mar 08, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၄ ခုနှစ် မတ် ၈ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ Hybrid System ဖြင့် ကျင်းပသည်။
Mar 08, 2024
(၂၇) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေး (27th ASEAN Senior Level Committee Meeting for Financial Integration)ကို ယနေ့တွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းအောင်နှင့် အဆင့်မြင့်အရာထမ်းများက Virtual ဖြင့် တက်ရောက်ကြသည်။
