ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတွင် ကျေးလက်ဒေသဆိုသည်မှာ သက်ဆိုင်ရာ မြို့နယ်နိမိတ်၊ မြို့စည်ပင်သာယာရေးနယ်နိမိတ်နှင့် တပ်မြို့စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ် ထားသော နယ်မြေတွင် ပါဝင်ခြင်းမရှိသော ကျေးရွာ သို့မဟုတ် ကျေးရွာအုပ်စုအဖြစ် သတ်မှတ် ဖွဲ့စည်းသည့် နယ်မြေ အားလုံးကိုဆိုသည် ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါသည်။
