တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမ မိသားစုများ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးများသည် ယခုမြန်မာ့မြေပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကာလအတွင်းကတည်းက တစ်မြေတည်းနေတစ်ရေတည်းသောက်ကာ တစ်မိသားစုတည်းမှဆင်းသက်ပေါက်ဖွားလာကြသူများ ဖြစ်သည်ဟု ဘိုးဘွားဘီဘင်တို့နှင့် သမိုင်းဆရာတို့၏ မှတ်တမ်းများအရဆိုကြသည်။
