Skip to main content

Sep 22, 2023

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်သည် သဘာဝသယံဇာတများ ပေါများသည့်အလျောက် အာရှ၏ အကောင်းဆုံး ကျောက်စိမ်းရတနာထွက်ရှိသည်သာမက ကချင်ပြည်နယ်မှ ထွက်ရှိသော ပယင်းကျောက်သည်လည်း လူကြိုက်များလှသည်။ ထို့အပြင် စိုက်ပျိုးမြေမှာလည်း များစွာဖြစ်ထွန်းသည့် မြေဆီလွှာကောင်းများရှိသည့် ဒေသဖြစ်သည်။ ရေမြေတောတောင် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး သာယာလှပသောရှုခင်းများ၊ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းများ၊ ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များစသည်တို့က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ပခုက္ကူ ဦးအုံးဖေစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီကအကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများ ယှဉ်ပြိုင်ရန် စာမူများဖိတ်ခေါ်ကြောင်း ယနေ့ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူး အ.ထ.က (စာဘူးတောင်း)ဂန္ဓမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ရခိုင်ပြည်နယ် ‌ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

 ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများကို ထည့်သွင်းရွေးချယ်ရန် စီစဉ်ထားရှိပါကြောင်း၊ အလားအလာ ရှိသောသူများကိုလည်း အတွေ့အကြုံရရှိစေရန် လေ့လာသူများအဖြစ်ရွေးချယ်သွားရန် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်) စားရိပ်သာဆောင်၌ သင်တန်းသား သင်တန်းသူများနှင့် နေ့လယ်စာအတူတကွ စားသုံးစဉ်ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်မှုရှိ/မရှိတို့နှင့် စပ်လျဉ်း၍ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့တွင် ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ(၆)ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

မိုးနှောင်းရာသီ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဥများဖြင့် ပြည့်ဝနေသော ငါးသလောက်ကြီးများသည် ဥချသားပေါက်ရန်အတွက် ဧရာဝတီမြစ်လက်တက်အတွင်းရှိ ရေချိုရေငန်စပ်နှင့် ရေချိုမြစ်ချောင်းများအတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသဖြင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာများမှ ရေလုပ်သားများ၊ ငါးဒိုင်များနှင့် အများပြည်သူများသိရှိစေရန် ပညာပေးနှိုးဆော်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိမြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအားသက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2023

​​​​​​​နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်