Skip to main content

Sep 17, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နန်နင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုးအိမ်နှင့် မြို့ပြ-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတကာ Polytechnic University များအား ဆန်းစစ်လေ့လာ၍ အရည်အသွေးမီ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများနှင့် သုတေသီများ လေ့ကျင့်မွေးထုတ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့နယ် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နိုင်ငံခြားသားများရေးရာဌာန ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၁)တည်ဆောက်ရေး ပေါင်းလောင်းအခြေစိုက်ဝင်းအတွင်းရှိ ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကျင်းပနေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်နှင့်တွေ့ဆုံ၍ ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memo-randum of Cooperation) အရ အကောင်အထည် ဖော်မည့်လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉) ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဦးတည်ချက်တွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်နှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ ကိုအားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့နံနက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တိမ်ကြားမင်းခေါင်ခန်းမ၌ မန်တုံမြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တရုတ် - အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဖန်ချန်းကန်မြို့ရှိ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန် တည်ထောင်ဖွင့်လှစ်ထားရှိမှု အထိမ်းအမှတ်ပြခန်းကို သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူ မြို့နယ်များသို့သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ နယ်မြေခံတပ်ရင်းအစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ (အင်းစိန်)အတွင်း၌ တည်ဆောက်ထားရှိသည့် ဆေးဝါးစက်ရုံ သမိုင်းပြခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် တရားရေးဝန်ထမ်းများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ ပြည်နယ် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဥပဒေ အထောက်အကူပြုအဖွဲ့များ၊ ရှေ့နေအဖွဲ့များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ် - အာဆီယံ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက Nanning International Convention and Exhibition Center (NICEC) တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေး ဖိုရမ်သို့တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA) ၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2023

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလမှစ၍ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ခေတ်အဆက်ဆက်အစိုးရများက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးကိုကြိုးပမ်းတည်ဆောက်ခဲ့ကြသော်လည်း ယနေ့ထက်တိုင်အောင် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးမရရှိသေးပေ။ နိုင်ငံရေးအရသဘောထားအမြင်ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသောပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမှသာ ရရှိနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်