Skip to main content

Jan 25, 2026

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာပေးသင်တန်းကျောင်း၏ စက်မှုသီးနှံဆိုင်ရာ နည်းပညာပေးသင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ပြီး အခြေခံလုပ်ငန်းခွင် အကြိုသင်တန်းတက်ရောက် နေသူများကို တွေ့ဆုံအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများက ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ အခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် နေပြည်တော် ဗဟိုစာတိုက်ကြီးပြင်ဆင်နေမှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ သတင်းအချက်အလက် နည်းပညာဗဟို အဆောက်အအုံသစ်ပြန်လည် တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်း ၂၀၁၂ ခုနှစ် တွင် IDP Camp ၁၄ ခု ဖွင့်လှစ်ထားရှိပြီး နိုင်ငံတော်အစိုးရက နေထိုင်ရေး၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍအတွက် စီမံဆောင်ရွက်ပေးထားခဲ့မှုများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့က စစ်တွေမြို့နယ် ခေါင်းဒုက္ကာ IDP စခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပြည်နယ်အစိုးရက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ခေါင်းဒုက္ကာ IDP စခန်းမှ ဦးကျော်သိန်းမောင် (ခ) ဦးမာမောက် အာမီတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ စက်မှုဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်း အသစ်တည်ဆောက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော ဓာတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

မူလတန်းပြ ဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၈)ပါးမြောက် ဘွဲ့တံဆိပ်တော်မြတ် ရရှိတော်မူသည့် ဘဒ္ဒန္တဝိစိတ္တသာရ ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တိပိဋကမဟာ ဂန္ထဝင်နိကာယ် ကျောင်းတိုက်၌ကျင်းပရာအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ယနေ့ထက်တိုင်ဖြစ်ပေါ်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်သည်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 25, 2026

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အစိုးရအဆက်ဆက်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု၊ ဓာတုပစ္စည်းများကိုအခြေခံ၍ ထုတ်လုပ်သည့် စိတ်ကြွရူးသွပ်ဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုများ အများအပြားရှိနေခြင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ ထိစပ်နေသည့် နယ်နိမိတ်မျဉ်းကြောင်းများတစ်လျှောက် အလုံးစုံမထိန်းချုပ်နိုင်သေးခြင်းတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2026

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ မဲရုံများ၌လည်းကောင်း၊ ကျေးသီးမြို့နယ်ရှိ မဲရုံ များအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့ရှိ မဲရုံများ၌လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 24, 2026

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ရှိလားဟူစုပေါင်းရိုးရာယဉ်ကျေးမှုကွင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးလှိုင်နှင့်တာဝန်ရှိသူများ၊ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်