Skip to main content

Oct 13, 2021

အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သော “ITU Digital World 2021” အစီအစဉ်များအတွင်း ယနေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပါဝင်တက်ရောက် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၂-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊အမျိုးသားစီမံကိန်းနှင့်အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲ၁နာရီတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြားဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း (၂) ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခု မှ ယာဉ်စီးရေ (၇) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၁၃၇) ခု၊ Oxygen Plant (၂) ခု၊ ဆေးရုံးသုံးအောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator) (၁) ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၁၁) ခု၊ လက်အိတ် (၇) တန်နှင့် နှာခေါင်းစည်း (Mask) (၁၄) တန် တင်သွင်းခဲ့ပြီး Oxygen Plant (၂) ခု မှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်သည်နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်ဗိုလ်မှူးကြီးမင်းနောင်၊ရဲမှူးကြီးကိုကိုလွင်၊ဦးကျော်သိန်းဆိုင်တို့နှင့်အတူ ယနေ့နံက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၊ ဇမ္ဗသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်းဆေးထိုးစုရပ်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာ အထက်တန်း ကျောင်း ဆေးထိုးစုရပ်နှင့် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်တို့တွင် အသက် ၁၂နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး နှင့်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိ စေရန်အတွက် နိုင်ငံတော်အစိုးရက ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးဆောင်ရွက်ခဲ့ရာယနေ့တွင်ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိအသက်၁၂နှစ်နှင့်အထက်အခြေခံပညာအလယ်တန်း၊အထက်တန်းကျောင်းသား၊ကျောင်းသူများအားကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) ကို စတင်ထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော“နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ထားမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အခြေစိုက် ဖြစ်ကြသော အမျိုးသမီးပါတီ (မွန်) ကို ၃.၁၀.၂၀၂၁ ရက်နေ့မှ ၆.၁၀.၂၀၂၁ ရက် နေ့အထိ လည်းကောင်း၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီကို ၃.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့ အထိလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ဖြစ်ကြသော လမ်းပြကြယ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမား အင်အားစုပါတီနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား မဟာမိတ်ပါတီ [Alliance of Myanmar’s Worker and Farmer Party (A.M.W.F.P)] တို့ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက်ဖြစ်ကြသော အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ဒီမိုက ရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီ ပါတီတို့ကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း၊ရှမ်းပြည်နယ်အခြေစိုက်ဖြစ်သောရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကို ၄.၁၀.၂၀၂၁ ရက်နေ့ မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအခြေစိုက်ဖြစ်သော မြန်မာနိုင်ငံ တောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါတီကို ၄.၁၀.၂၀၂၁ ရက်နေ့မှ ၆.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း၊ ကရင်ပြည်နယ်အခြေစိုက်ဖြစ်ကြသော ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ( Karen National Democratic Party ) တို့ကို ၅.၁၀.၂၀၂၁ ရက်နေ့မှ ၈.၁၀.၂၀၂၁ ရက်နေ့အထိ လည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစီးအဝေး ခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်၌ ၁၂ နှစ်ပြည့်ပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများကာကွယ်ဆေးထိုးရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား /ကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

မေး - မင်္ဂလာပါ ဆရာမကြီးရှင့်၊ ဆရာကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။ ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်‌ဌေးဌေးမြိုင်ပါ၊ ပေါင်းတည်မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် (၂၀၂၁ခုနှစ်၊အောက်တိုဘာလ (၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

မင်္ဂလာနေ့လယ်ခင်းပါ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၁၂.၁၀.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၆ ဦးတို့ကို လက်ခံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ တပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၏ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

ရန်ကုန် အောက်တိုဘာ ၁၁ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲ လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့် ဝတ္တရား များလွှဲပြောင်းသည့်စာချုပ်(Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်အောက်တိုဘာလ၁၀ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားရာ၌ “မိမိတို့အနေဖြင့် ပြည်သူ့လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်း ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန်လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက် တာဝန်ယူရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း မရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့် တာဝန် ထမ်းဆောင်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 12, 2021

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဟူသော ဖွင့်ဆိုချက်တွင် အကျုံးဝင်သည့် အသက်အပိုင်း အခြားအလိုက် လူဦးရေ အချိုးအစားကို ကြည့်လျှင် အသက် ၁၅ နှစ်မှ ၁၉ နှစ်ထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀ နှစ်မှ ၂၄ နှစ်ထိ ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၅ နှစ်မှ ၂၉ နှစ်ထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၃၄ နှစ်ထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါ အသက်အရွယ်သည် ပညာသင်ကြားသည့်အရွယ်နှင့် အလုပ်အကိုင် ဝင်ရောက်သည့် အရွယ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက် ရာတွင် လက်ကိုင်ပြုရမည့် အင်အားများလည်း ဖြစ်သည်။ လူငယ်များသည် တစ်နည်းအားဖြင့် နိုင်ငံအတွက် အရေးကြီးသည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အလျောက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေး ရမည့်နည်းတူ လူငယ်ထုအပေါ်တွင် ကျရောက်လာမည့် မူးယစ်ဆေးဝါးအပါအဝင် အန္တရာယ်များစွာတို့မှလည်း ကာကွယ်ပေးရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2021

အာဆီယံနိုင်ငံအချင်းချင်း နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှုအာမခံ လက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) စနစ်အား အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုသွားနိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနှင့် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အာမခံအဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်