Aug 21, 2021
မြန်မာနိုင်ငံသည် ရေ၊ မြေအရင်းအမြစ်တို့ ပေါများသည့်အလျောက် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အမှီပြုခဲ့ရသည်မှာ သမိုင်းတစ်လျှောက်လုံးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး ကိုလိုနီဘဝကျရောက် ခဲ့ရသည့်အခါ နယ်ချဲ့အရင်းရှင်တို့က မိမိတို့နိုင်ငံမှထွက်သည့် သယံ ဇာတများနှင့် ဆန်စပါး၊ ကျွန်းသစ်စသည်တို့ကိုသာ ထုတ်ယူသွားခဲ့ ကြပြီး စက်မှုလုပ်ငန်းများ ထူထောင်ခဲ့ခြင်းမရှိခဲ့။ ဆန်စက်၊ သစ်စက်၊ ရေနံချက်စက်နှင့် ရေနံမြေကဲ့သို့သော လုပ်ငန်းများမှာလည်း ဒုတိယ ကမ္ဘာစစ်ကာလတွင် မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းနှင့် ဗုံးကြဲဖျက်ဆီးခြင်းကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရပြီးနောက် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။
Aug 20, 2021
ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးနှင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များတွင် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည့် ကျေးလက် လယ်ယာကုန်ထုတ်လမ်းများ၊ ဆိပ်ခံတံတားများ၊ ကျေးရွာတွင်းလမ်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ကျေးလက်မီးလင်းရေး အတွက် လည်း ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်နှင့်အညီ ပြန်ပြည့်မြဲ စွမ်းအင်အသုံးပြု မဟာဓာတ်အားလိုင်းပြင်ပစနစ်(Off-Grid) မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
Aug 20, 2021
လေးနှစ်ကျော်ရပ်နားထားသည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း၏ ပထမအဆင့် သည် Steel Rolling Mill နှင့် Steel Plate Mill တို့အတွက် လိုအပ်သော အဓိကကုန်ကြမ်း များဖြစ်သည့် သံမဏိလေးထောင့်တုံးများနှင့် သံမဏိပြားများ ထုတ်လုပ်ရန်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေ၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။
Aug 20, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Gems Trading Center သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Aug 20, 2021
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၆၃၅) ခု၊ Test Kit (၁၀၀၀) ၊ PPE ဝတ်စုံ (၄၄၀) နှင့် ဆိပ်ကမ်းများမှ အောက်ဆီဂျင် (အရည်)အိုး (၁) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၁) လုံးအပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ ၊ ကော့သောင်း၊ ထီးခီး၊ ကန်ပိုက်တီ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်(အရည်) Bowserယာဉ်(၂)စီးဖြင့် (၃၉) တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် (၁၇) တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၀ ဒသမ ၀၇) တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၅၉၁၇)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၉၃၉) ခု၊ Covid Test Kit (၄၀၀၀) ၊ PPE ဝတ်စုံ (၈၈၁၀) နှင့် နှာခေါင်းစည်း(Mask) (၇၃) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၂၁) ခုမှ ယာဉ်စီးရေ (၅၀) ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
Aug 20, 2021
(၂၀-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
Aug 20, 2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဩဂုတ်လ ၁၈ ရက် ဂန့်ဂေါ - ကလေး ကားလမ်းအတိုင်းမောင်းနှင်လာသော တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် တပ်မတော်သား ၃၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာအများအပြားရ သတင်းမှာ လုပ်ကြံဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
Aug 20, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Myanmar Golden Produce Co.,Ltd ၏ ပြည်တွင်း ထွက် သစ်သီးဝလံနှင့် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုအားပေးသည်။
Aug 20, 2021
မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဖိုး/အဖွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာဝန်/ ဆရာမများက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက် ပေးသည်။
Aug 20, 2021
Radio NUG အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့တွင် စမ်းသပ်ထုတ်လွှင့်ခဲ့သည့် ရေဒီယိုလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်လွှင့်ခွင့်ပြုထားသည့် ရေဒီယိုမဟုတ်ပါ။ ခွင့်ပြုချက်မရရှိဘဲ မည်သူမဆို လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်းတို့ ပြုလုပ်ပါက တည်ဆဲတရားဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
Aug 20, 2021
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဦများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်း သာမက ၎င်းတို့အဖွဲ့ အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။
Aug 20, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Aug 20, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
Aug 20, 2021
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
Aug 20, 2021
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်နှုန်း မြင့်မားနေချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းပြီး ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ဘက်ပေါင်းစုံမှ အစွမ်းကုန် ဆောင်ရွက်လျက်ရှိပါ သည်။ မိဘပြည်သူများအနေဖြင့်လည်း ကိုဗစ်ရောဂါ အန္တရာယ် အတွက်စိုးရိမ်ပူပန်နေကြရသလို ကျန်းမာရေးဝန်ကြီးဌာန၏သတ်မှတ် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါအား တက်ကြွစွာ ပူးပေါင်းကာ ကွယ်တိုက်ဖျက်လျက်ရှိပါသည်။ ။
Aug 20, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၁၈ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 20, 2021
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီး သီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိလွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၁၉ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၂၅ ခုမှ Favipiravir Tablets ၁၈၈၁ ခု၊ Test Kit ၆၇၆၀၊ LCD (Patient Monitor) ၃၀၊ Oximeter ၁၆၆၃ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၇၃၉ ခု၊ Oxygen Mask ၅၀၀၀၊ Oxygen Sensor ၃၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၅၄၇၀၅ ဒသမ ၆၉ ကီလိုဂရမ်၊ နယ်စပ် | (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၂၃ ခုမှ | Oxygen Cylinder ၆၅၂၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၅၉၆ ခု၊နှာခေါင်းစည်း ၆၅၅၃၈ ခု၊ Liquid Oxygen ၁၅၀၈၀ ဒသမ ၁ ကီလိုဂရမ်၊ Liquid Oxygen တန် ၂၀၊ Flow Meter ၆၃၀၀ ခု၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၆၈၅၀၊ Oxygen Mask ၁၅၀၀၊ Trolley ၃၅၀၊ Disposable Syringe ၂၂၁၆၀၊ မျက်နှာအကာ ၁၀၂ ကီလိုဂရမ်၊ Goggle ၂၈၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
