Skip to main content

Jan 31, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

ဂေဟစနစ်အခြေခံသည့် သစ်တောများရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်း လက်စွဲ၊ အကောင်အထည်ဖော်ခြင်းလက်စွဲနှင့် နမူနာခရိုင်အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

မန္တလေး ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၃၃လမ်းနှင့် ၃၄လမ်းကြား၊ ၈၄လမ်းနှင့် ၈၅ လမ်းကြားတွင် ယနေ့ ညနေ(၄)နာရီခွဲခန့်က level (2) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ (၄) နာရီ (၅၀) မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Ref; Myanmar Fire Services Department

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

နေပြည်တော်  ဇန်နဝါရီ ၃၁

အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၀)၊ (၁၁၁)၊ (၁၁၂)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၁)၊ (၁၉၂)၊ (၁၉၃)၊ (၁၉၄)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်တင်စိုး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ သင်တန်းအမျိုးအစားများအလိုက် စံပြဆုရရှိသူများကို ဆုများချီးမြှင့်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

နေပြည်တော် ဇန်နဝါရီ ၃၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

ထီးလင်း ဇန်နဝါရီ ၃၁

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျင်းဘိနယ်၌ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် တရားမဝင် ပိတောက်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထီးလင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်သစ်တောဉီးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ထီးလင်း-ကျင်း-ပေါက် ကားလမ်း၊ ကျင်းကျေးရွာ အဝင် နေရာ၌ Canter အမျိုးအစား၊ အပြာရောင် (၆)ဘီးယာဉ် (နံပါတ်မပါ) ပေါ်မှ ယာဉ်ပေါ်ပါ တရားခံ(၂)ဦးနှင့်အတူ တရားမဝင် ပိတောက်သစ်ခွဲသား (၃၄)ချောင်း၊ (၂ ဒဿမ ၆၆၈၈)တန်ကို ဖမ်းဆီးရမိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

ဖားကန့် ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရတနာနယ်မြေ၊ သာယာကုန်းကျေးရွာအနီး၌ ရေမဆေးကျောက်တူး ကျောက်ရှာသူ အမျိုးသားတစ်ဦးသည် ၎င်းတူးဖော်နေသည့် အမြင့်ပေ (၃၀၀)ခန့်ရှိ ကျင်းကမ်းပါးပေါ်မှ အောက်သို့ ပြုတ်ကျသေဆုံးခဲ့မှု ယမန်နေ့ မွန်းလွဲ(၂)နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဇော်နိုင်ဝင်း၊ (၃၄)နှစ်၊ မှော်စီစာကျေးရွာ၊ အောင်သာယာ(၂)တွင် နေထိုင်သူဖြစ်ပြီး ရေဦး မြို့နယ်မှ လာရောက်အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်း၌ သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

ရေကြည် ဇန်နဝါရီ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ရင်းရှည်ကျေးရွာအုပ်စု သပြေတန်းကျေးရွာ၌ ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 31, 2020

ကျိုက်မ​ရော ဇန်နဝါရီ ၃၁

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ် ​အောင်သုခရပ်ကွက်တွင် ယ​နေ့နံနက် ၃နာရီက လူ​နေအိမ်တစ်လုံး မီး​လောင်မှုဖြစ်ပွား​ကြောင်း သတင်းအရ ကျိုက်မ​ရောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၂)စီး မီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး အရန် (၁၀)ဦးတို့ဖြင့် အချိန်မီသွား​​​ရောက် ငြှိမ်းသတ်နိုင်ခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့​ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

ရန်ကုန်  ဇန်နဝါရီ  ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းရှိ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ က အဆိုပါဆေးရုံကြီးရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

မောင်တော ဇန်နဝါရီ ၃၀

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဒေသခံ တိုင်းရင်းသားများ နေထိုင်သည့် ရွာမကျေးရွာနှင့် မြို့မစေတီတောင်ကျေးရွာများသို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများအား တွေ့ဆုံကာ သိရှိလိုသည်များအား မေးမြန်းသတင်းရယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

ရန်ကုန် ဇန်နဝါရီ ၃၀

၂၀၂၀ နိုင်ငံတကာ Holocaust နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆) ဦးက  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြု၍  ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

မန္တလေး ဇန်နဝါရီ ၂၉

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် မန္တလေးမြို့တွင် အသင့်ပြင်ဆင်ပြီးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်အဆုတ် ရောင်ရောဂါ (2019 Novel Coronavirus) အန္တရာယ်ကြောင့် ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာအလုပ်သမားများမှ ၎င်းတို့၏ နေရပ်သို့ ပြန်လိုကြောင်းဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော်  ဇန်နဝါရီ  ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သ​​ဘောရေးဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၂၄)ဝါသည် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ထပ်မံပေါ်ထွန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

မောင်တော ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 30, 2020

နေပြည်တော် ဇန်နဝါရီ ၃၀

 

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်