Skip to main content

Jan 22, 2020

ရန်ကုန် ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ စီမံမှုဖြင့် ရန်ကုန် - ကိုကိုးကျွန်း ရေကြောင်း ခရီးစဉ်စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာကေတ မြို့နယ် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်း သာကေတဆိပ်ခံတံတားတွင် ကျင်းပ ခဲ့သည်။

အဆိုပါခရီးစဉ် စတင်ပြေးဆွဲမည့် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ရည်မှန်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်လာရေးဖြစ်သည်။ တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာမှုမရှိဘဲ၊ ပြည်ထောင်စု စိတ်ဓာတ် နိုးကြားရှင်သန် ထက်သန်မှုမရှိဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူများအားလုံး ပြည်ထောင်စုစိတ်ဓာတ် မြဲမြဲ ခိုင်ကျည်ထက်သန်ခိုင်မာအောင် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

အစိုးရနှင့် ပြည်သူဟူသည် နိုင်ငံတော်၏ အစိတ်အပိုင်းနှစ်ရပ် ဖြစ်သည်။ နိုင်ငံတော်ဟု ဆိုသည်နှင့် ပိုင်နက်နယ်မြေရှိခြင်း၊ ၎င်းပိုင်နက်နယ်မြေအတွင်း နေထိုင်ကြသည့် ပြည်သူများရှိခြင်း၊ စနစ်တကျဖွဲ့စည်းအုပ်ချုပ်သည့် အစိုးရရှိခြင်းနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခြင်းဟူသော အင်္ဂါလေးရပ်နှင့် ပြည့်စုံရမည်ဖြစ် သည်။ တစ်နည်းအားဖြင့် ဆိုခဲ့ပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံမှသာ နိုင်ငံတော်ဟု ခေါ်ထိုက်သည်ဟူ၏။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာ မန်ဂျူရှုလ် ကရင် ခမ် ချောင်ဒရီ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပဉ္စမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဒါကာမြို့၌ အိမ်ရှင်အဖြစ် ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများအတွက် ထရန်စဖော်မာဝယ်ယူနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဌာနမှ တင်ဒါအောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd.တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

ထားဝယ်    ဇန်နဝါရီ   ၂၁

အဏ္ဏဝါဒေသ အပိုင်းအခြားအလိုက် နေရာသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Diamond Crown Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် United States Institute of Peace (USIP) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2020

နေပြည်တော် ဇန်နဝါရီ ၂၁

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်