Oct 21, 2024
သီတင်းကျွတ်ရာသီကာလ၌ အနောက်တောင်မုတ်သုံလေသည် မြန်မာပြည်မှ ဆုတ်ခွာသွားပြီဖြစ်၍ ဥတုရာသီပုံမှန်ဖြစ်စဉ်အရ မိုးလေကင်းစင်ကာလဟုဆိုသည်။ ဥတုသပ္ပာယ မျှတကောင်းမွန်ပြီး သာယာလှပသော လောကဓာတ်ကိုဆောင်သည်ဟု လည်းဆိုကြသည်။ သို့သော် မျက်မှောက်ကာလဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုရာသီဖောက်ပြန်ပြောင်းလဲမှုနှင့် ဆက်လက်ကြုံတွေ့နေရပြန်ရာ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်တို့ကို ကြိုတင်သတိပြုကြရမည် ဖြစ်သည်။
Oct 21, 2024
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားအားလုံးတို့၏ ရိုးရာအနုပညာ အမွေအနှစ်တန်ဖိုးများကို ဤပြိုင်ပွဲကြီး၌ ထုတ်ဖော်ပြသနိုင်ခဲ့ကြသည့်အပြင် သွေးစည်းညီညွတ်မှုကိုပါ အနုပညာဖြင့်သက်သေပြုတင်ဆက်ကြရာ ငွေရတုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ကြသည်ဟုလည်း ဆိုရမည်ဖြစ်သည်။
Oct 21, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
Oct 20, 2024
ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်ကြသည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov ၊ ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
Oct 20, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 20, 2024
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန်ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Oct 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ကျင်းပလျက်ရှိသည့် (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 20, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မေယုလမ်းမြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 20, 2024
၁။ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing)ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့် ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်ပါသည်။
Oct 20, 2024
မြန်မာနိုင်ငံသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုသည့် ညီနောင်သားချင်း တိုင်းရင်းသားများ ပေါင်းစုနေထိုင်သည့်နိုင်ငံဖြစ်သလို မြန်မာ့ရိုးရာယဉ်ကျေးမှုသည်လည်း သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့်အတွက် မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့်အတူ အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟူ၍ ဝင့်ကြွားစွာနှင့် ဂုဏ်သိက္ခာရှိစွာရပ်တည် နိုင်ရေးအတွက် အမျိုးသားယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းရန် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယခုငွေရတုအထိမ်းအမှတ်အဖြစ် ကျင်းပနေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည်လည်း ခြောက်ရက်မြောက်နေ့တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့တွင် ပြိုင်ပွဲအသီးသီး၌ တာဝန်ယူရသူများနှင့် ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်-
Oct 20, 2024
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့၌ ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
Oct 20, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရတနာပုံစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆောင်ရွက်နေမှု၊ ဝါကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး သည်။
Oct 20, 2024
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် ဗုဒ္ဓဘာသာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နင်းဘိုမြို့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ဆဋ္ဌမအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်။
Oct 20, 2024
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။
Oct 20, 2024
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
Oct 20, 2024
မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ အဓိကစားသုံးကုန်မှာ ဆန်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် ဈေးကွက်ပေါက်ဈေး လျော်ကန်သင့်မြတ်ပါမှ တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းမည်ဖြစ်သည်။ တောင်သူလယ်သမားများ အဆင်ပြေပြီးဈေးကွက်တည်ငြိမ် သင့်တင့်မျှတပါမှ စားသုံးသူအခြေခံပြည်သူများပါ လူမှုစီးပွားဘဝ ချောမွေ့စေမည်ဖြစ်သည်။
Oct 20, 2024
သီတင်းကျွတ်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိမြို့ရွာများတွင် ဗုဒ္ဓဘာသာအစဉ်အလာမပျက် ကုသိုလ်ကောင်းမှုပြုကြသူများနှင့် စည်ကားခဲ့သည်။ ပြီးခဲ့သည့်လအတွင်းက သဘာဝဘေးအန္တရာယ်ကြီး ကျရောက်မှုကြောင့် နိုင်ငံအတွင်းရှိ မြို့နယ်များ၏ ၁၆ ရာခိုင်နှုန်းခန့်တွင် စုစုပေါင်းလူဦးရေ တစ်သိန်းခွဲ၊ နှစ်သိန်းခန့်ရေဘေးနှင့် ရင်ဆိုင်ခဲ့ကြရသည့်အတွက် ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ကြရသည်။ ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများမှာ နောက်ထပ်လအနည်းငယ်ကြာ ဆက်လက်ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မြန်မာဟူသည် ဖြစ်မြဲသဘာဝ လောကဓမ္မကို ကောင်းစွာဆင်ခြင်နားလည်နိုင်ကြသူများပီပီ ရင်ဆိုင်ကြုံတွေ့ရသမျှအပေါ်တွင် သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းကာ ပျော်ချိန်ရောက်လျှင် ပျော်တတ်ကြစမြဲဖြစ်သည်။
Oct 19, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပလျက်ရှိသည့် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးသည်။
Oct 19, 2024
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Oct 19, 2024
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုပေါက်ကွဲမှုကြောင့် ခေါင်မိုးရေတလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့်အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာဝေဖန်ရှုတ်ချလျက်ရှိပါသည်။
