Jul 14, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ Lao Asia Pacific Satellite Company Limited ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံရှိ ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့အတွက် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၁၂ ရက် နံနက်ပိုင်း၌ Laosat သို့ ရောက်ရှိရာ Laosat မှ CEO Mr Wu Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံတွင် Laosat စတင် တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းတင်ပြကြပြီး လာအိုနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံပူးပေါင်း၍ Laoset ဂြိုဟ်တု လွှင့်တင်ခဲ့မှုရုပ်မြင်သံကြား၊ ရေဒီယိုနှင့်ဒစ်ဂျစ်တယ် အစရှိသည်များ ထုတ်လွှင့်ဆောင်ရွက်သည့် နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေးအပါအဝင် လူမှုအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အပြန်အလှန်ဆွေးနွေးကြသည်။
Jul 14, 2024
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် မော်စကိုမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အတူ လေဆိပ်ဧည့်ခန်းမ၌ National University Of Science and Technology (MISiS) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သံမဏိထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများ လွှဲပြောင်းလက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
Jul 14, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးသည်။
Jul 14, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နယူးဒေလီမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား အခြားသော ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဇူလိုင် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နယူးဒေလီမြို့ရှိ အိန္ဒိယဝန်ကြီးချုပ်အိမ်တော်၌ စုပေါင်းတွေ့ဆုံသည်။
Jul 14, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်မြို့နယ်တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
Jul 14, 2024
သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသားအကျိုးပြုတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။ လူတို့အနေဖြင့် သစ်တောသစ်ပင်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုသည်ဟု နားလည်ထားသည်။ တကယ်တမ်းတွင် သစ်တောသစ်ပင်များသည် ထိုထက်ပို၍ ကမ္ဘာလောကကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျယ်ပြန့်နက်ရှိုင်းစွာ အထောက်အကူပြုနေသည်ကိုတွေ့ရသည်။
Jul 14, 2024
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ မြစ်ရေကြီးမှုအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက စဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိသည်။ မြစ်များအနီးတွင်တည်ရှိနေသည့် မြို့များအလိုက် စိုးရိမ်ရေမှတ်တည်ရှိမှုအခြေအနေနှင့် နောက်ရက်များအတွက် ခန့်မှန်းချက်များ၊ သတိပြုနေထိုင်ရန် အကြံပြုချက်များကို ထုတ်ပြန်ပေးနေခြင်းဖြစ်ရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ အထူးသတိပြုကြရန်လိုသည်။
Jul 13, 2024
KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ sလူနေအဆောက်အဦများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ်အတွင်း၌လည်း အများပြည်သူများ အစုလိုက်၊ အပြုံလိုက်သေကျေ ဒဏ်ရာရရှိစေလိုသော ယုတ်မာရက်စက်သည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရသည်။
Jul 13, 2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 13, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Jul 13, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်းမှ တရားမဝင် လက်နက်/ ခဲယမ်းများအား ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းသို့ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်၊ မတ်ကျန်းကျေးရွာအနီး နားရိုင်းကျေးရွာလမ်းခွဲ၌ မတ်ကျန်းကျေးရွာဘက်မှ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 2K-7178 VIGO (အနက်ရောင်) ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ RCSS/SSA အဖွဲ့မှ စုမှူးအဆင့်ရှိ စိုင်းနွံမိန်း(၂၅)နှစ်၊ တပ်သားအဆင့်ရှိသူများဖြစ်သည့် စိုင်းဆု(ခ)ဆုဇေယျ(၃၁)နှစ်၊ စိုင်းကောင်(၂၆)နှစ်၊ ဘိုဘိုဟန်(၂၃)နှစ်နှင့် စိုင်းနွံလှိုင်း(၂၆)နှစ်တို့ ၅ ဦးအား KIA အဖွဲ့မှထုတ်လုပ်သည့် KA (၄၀ မမ တွဲ)၅ လက်၊ ၄၀ မမဆုံလည်(၆ လုံးတွဲ) ၅ လက်၊ ၄၀ မမ ၁ လုံးထိုး ၅ လက်၊ ၇.၆၂ ကျည် ၄၃,၇၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၄၅၀ လုံး၊ KA ကျည်အိမ် ၁၅ ခု၊ လွယ်ကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Jul 13, 2024
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက်ရှိပါသည်။
Jul 13, 2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင်လ (၁၁) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Jul 13, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 13, 2024
မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်စိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၉ ရက်မှ ၁၀ ရက် အထိ လာအိုနိုင်ငံ လွမ်ပရာဘမ်မြို့ရှိ Angthong Hotel ၌ ကျင်းပခဲ့သည့် အာဆီယံအဂတိလိုက် စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC)၏ အကြိမ် (၂၀) မြောက် ရုံးအဖွဲ့အစည်းအဝေးနှင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crimes-UNODC) နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး အာဏာပိုင် အဖွဲ့ (The State Inspection Authority of Lao PDR – SIA) တို့ပူးပေါင်း၍ ကျင်းပသည့် “Strengthening Capacity on Investigation and Asset Recovery for ASEAN-PAC Authorities” အလုပ်ရုံ ဆွေးနွေးပွဲများသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့သည်။
Jul 13, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးတင်အောင်ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီဇူလိုင် ၁၁ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ခရိုင်၊ မြို့နယ်တရားရုံးအချုပ်ခန်း၊ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းတို့ရှိ အချုပ်ခန်းများကိုလည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် မော်လမြိုင် အချုပ်ထောင်ကိုလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jul 13, 2024
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Jul 13, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ကျင်းပသည့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
Jul 13, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ သိပ္ပံလက်တွေ့ခန်းများ၊ စာကြည့်တိုက်နှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
