Feb 20, 2024
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းပိတ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၌ ကျင်းပသည်။
Feb 20, 2024
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက် အမှာစကားပြောကြားသည်။
Feb 20, 2024
မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 20, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ရတနာသိင်္ဃခန်းမ၌ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်အန္တရာယ်နှင့် နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် သင်တန်းသားသင်တန်းသူများအား ဆွေးနွေးပြောကြားသည်။
Feb 20, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Uladzimir Baravikou အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 20, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 20, 2024
ပို့ကုန်ရငွေအသုံးပြုခွင့်အား မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မူလသတ်မှတ်ချက်အတိုင်း ဆက်လက်ခွင့်ပြုနေကြောင်းနှင့် မှန်ကန်တိကျမှုမရှိသော သတင်းအမှားများကို ဖြန့်ဝေဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Feb 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Feb 20, 2024
ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့သည် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခါသမယ တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောက်ရှိနေကြသော ချင်းတိုင်းရင်းသားများနှင့်အတူ တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Feb 20, 2024
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးလျက်ရှိသည်။ လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ပေါင်းသင်းဆက်ဆံရေးကို ရှေးအစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိသည်။
Feb 20, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတားကိုဖြစ်စေပြီး နိုင်ငံလုံခြုံရေးအတွက်လည်း အန္တရာယ်ရှိနိုင်သည့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများမှာ ဖမ်းဆီးရမိမှုတန်ဖိုး ပမာဏများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်ဟုသိရသည်။ အဖမ်းအဆီး မည်မျှများပြားစေကာမူ ဆက်လက်လုပ်ကိုင်နေကြခြင်း၏ သဘောမှာ လုပ်ကိုင်ခွင့်သာနေခြင်း၊ လုပ်ကိုင်၍ရသည့် နည်းလမ်းများရှိနေခြင်းနှင့် အကျိုးအမြတ်များ မစွန့်လွှတ်ချင်လောက်အောင် ရရှိခြင်းတို့ကြောင့်ဟု ဆိုနိုင်သည်။
Feb 19, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ရှိ လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများကို KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုးမိတ်မြို့ပေါ်တွင် ပြည်သူ ၁၀၂ ဦးထက်မနည်းကို သတ်ဖြတ်သွားခဲ့ကြောင်းနှင့် အသက်မပြည့်သေးသော မိန်းကလေး ၃ ဦးအပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပါသည်။
Feb 19, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 19, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တရားမဝင်ပြည်ဖျက်မီဒီယာအချို့က လူငယ်လူရွယ်များကို စိုးရိမ်ထိတ်လန့်စေရန် လှုံဆော်ဝါဒဖြန့်ဝေလျက်ရှိ
Feb 19, 2024
ရန်ကုန်တွင် ပေါ်တာဆွဲခံရမည်စိုးသဖြင့် အလုပ်သမားများ အလုပ်ချိန်စောပြန်လွှတ်ပေးစေလိုဟု ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ
Feb 19, 2024
စစ်မှုထမ်းဟောင်းများနှင့် Non-CDM ဝန်ထမ်းများ စစ်မှုမထမ်းလိုကြဘဲ ဆယ်ကျော်သက်အရွယ် သားသမီးများကို ပြည်ပသို့ပို့ဆောင်နေပြီး၊ အရေးပေါ်ကာလဖြစ်၍ ဝန်ထမ်းများ သက်တမ်း ၅ နှစ် စစ်မှုထမ်းရမည်ဟု ကောလာဟလသတင်းအမှားများ ဖြန့်ဝေရေးသားလျက်ရှိ
Feb 19, 2024
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) လူမှုရေးရာလုပ်ငန်းအဖွဲ့နှင့် အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့တို့ ကြီးမှူးကျင်းပသည့် တပို့တွဲလ ထမနဲအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံစေတီတော် အနောက်ဘက်မုခ်၌ ထမနဲထိုးခြင်း၊ ဆွမ်းတော်ကပ်ခြင်း၊ ဘုရားဖူးပြည်သူများအားလှူဒါန်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။
Feb 19, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စု များက ဥပဒေမဲ့ ကျူးလွန်နေသည်။
Feb 19, 2024
မြန်မာလူမျိုးများသည် အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်ဟူ၍ အာဟာရဝတ္ထုသုံးမျိုးအကြောင်း ပြောလေ့ပြောထရှိသည့်အားလျော်စွာ လက်ဖက်သည် မြန်မာ့ရိုးရာယဉ်ကျေးမှု တွင် မရှိမဖြစ်၊ မပါမပြီး အရေးပါအရာရောက်ပေသည်။ မြန်မာနိုင်ငံတွင် လက်ဖက်အစိုနှင့် အခြောက်ဟူ၍ နှစ်မျိုးစလုံးကို သုံးစွဲကြသည်။ အထူးသဖြင့် လက်ဖက်စိုမှာ ရိုးရာအလိုက်ပွဲဝင်သော မြန်မာ့ရိုးရာခဲဖွယ်တစ်ခုဖြစ်ပေသည်။ ရပ်ရွာအတွင်း၌လည်း ဘာသာရေးပွဲ၊ နတ်ပွဲများတွင် လက်ဖက်မပါလျှင် မပြီးသကဲ့သို့ မြန်မာ့ရိုးရာအလိုက် ထိမ်းမြားမင်္ဂလာပွဲများဖိတ်ကြားရာဝယ် လက်ဖက်ထုပ်များဖြင့် ဖိတ်ကြားလေ့ရှိကြသည်။
