Skip to main content

Feb 18, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ကလောမြို့တို့ရှိ PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ သိမ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစက္ကိန္ဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းအိမ်ရာ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ဒီနေ့မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ YMBA အသင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့နေရာမှာ ကျွန်တော်တို့ လူငယ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲရဲ့ မျှော်မှန်းချက် ရည်မှန်းချက်၊ နိုင်ငံတော်ရဲ့ မျှော်မှန်းချက် ရည်မှန်းချက်နဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် လူမှုရေးဦးတည်ချက်တွေမှာ လူငယ်လူရွယ်များကို ဗလငါးတန်ဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတွေနဲ့ပြည့်စုံတဲ့ လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့ ဦးတည်ချက်ပါတယ်ဆိုတာကို အသေးစိတ်ပြောပြခဲ့ပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲလို့ လူငယ်တိုင်း လူငယ်တိုင်းသည် တိုင်းပြည်ရဲ့အနာဂတ်ပဲဖြစ်ပါတယ်။ ယနေ့လူငယ် နောင်လူကြီးဆိုတဲ့ စကားအတိုင်း တိုင်းပြည်ကိုတစ်ချိန်မှာ ကျွန်တော်တို့ရဲ့လူငယ်တွေ က ဦးဆောင်သွားရမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မင်းလှမြို့ရှိ ၂၃၀ ကေဗွီ, ၁၀၀ အမ်ဗွီအေ မင်းလှပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားရှိမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ် (၁၅) မိုးကောင်းလမ်းရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းနှင့် မီဒီယာလုပ်ငန်း(မြဝတီ) (MWD Media Centre) ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများနှင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) ၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)ရုံး၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”နှင့်“ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ကို ချမှတ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2024

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် နိုင်ငံ့လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ဘဝများ တိုးတက်လာစေရန်ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းကို မြင့်မားလာစေရန်လည်း ဖြစ်သည်။ အကျိုးဆက်အားဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာစေရန်အတွက် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ အပြိုင်အဆိုင်လူသစ်စုဆောင်းလာကြတာကို တွေ့မြင်နေရတယ်။ လူငယ်လူရွယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ တောထဲကိုရောက်အောင်၊ အကြမ်းဖက်လမ်းစဉ်ကိုရောက်အောင် ပြည်ဖျက်မီဒီယာများနဲ့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေတာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုတာဝန်ထမ်းဆောင်ရတဲ့သူတွေအနေနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ၂ နှစ် ထမ်းဆောင်ပြီးရင် မူလအခြေအနေအတိုင်း ပြန်လည်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြတဲ့ လူငယ်လူရွယ်များက ပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးစကားများကို နားမယောင်ဘဲ အမှား၊ အမှန်ကိုသိရှိအောင် အလေးထားကြဖို့၊ အသိတရားထားကြဖို့ လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

“ပြည်ဖျက်မီဒီယာတွေ၊ သောင်းကျန်းသူတွေ၊ တပ်မတော်အပေါ် မလိုမုန်းထားရှိသူတွေဟာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ပြည်သူလူထုကို သတင်းမှားတွေ၊ တပ်မတော်အပေါ် ပုတ်ခတ်မှုတွေပြုလုပ်ပြီး သူတို့ဘက်ပါလာအောင် စည်းရုံးဆောင်ရွက်နေကြတာ၊ လူသစ်စုဆောင်းလာကြတာကိုတွေ့နေရတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

“ယနေ့အချိန်ထိ စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မ စုဆောင်းတာ၊ စာရင်းကောက်ယူတာတွေ လုံးဝမရှိပါဘဲ ရပ်ရွာတည်ငြိမ်အေးချမ်းမှုကို မလိုလားတဲ့သူတွေက အများပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ခြောက်ခြားစေဖို့ ရည်ရွယ်ပြီး “အတင်းအဓမ္မစုဆောင်းနေတယ်၊ ရပ်/ကျေးတွေမှာ စာရင်းများကောက်ယူနေပါတယ်” ဆိုပြီး ပြည်ဖျက်မီဒီယာများက အချိန်ကိုက် သတင်းထုတ်လွှင့်နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ အသိသတိရှိစွာနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လူငယ်တွေကို လမ်းမှားရောက်အောင်သွေးထိုးလှုံ့ဆော်မှုများကို သတိထားကြဖို့ပြောကြားလိုပါတယ်။ ယနေ့အချိန်ထိ စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံတွေ နိုင်ငံတကာမှာ အများကြီးရှိတယ်ဆိုတာ ပြောလိုပါတယ်။ ဒါကြောင့် စစ်မှုမထမ်းမနေရစနစ် ပြဋ္ဌာန်းဆောင်ရွက်တာနဲ့ပတ်သက်ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်ရန် အကြောင်းမရှိပါကြောင်း” အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

“ပြည်သူတွေ ပြည်ပထွက်ခွာမှုကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ပြည်ဖျက်မီဒီယာတွေက ဖြန့်ဝေနေတာတွေရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်တာမရှိပါဘူး။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်းဆဲဖြစ်ပြီး ဆင့်ခေါ်ရေးအဖွဲ့များအားလုံး ဖွဲ့စည်းပြီးမှသာ သတ်မှတ်ထားသော နည်းဥပဒေ၊ ညွှန်ကြားချက်များအတိုင်း မြေပြင်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူလူထုထိတ်လန့်ကြောက်ရွံ့နေစေရန် မဟုတ်မမှန် လုပ်ကြံသတင်းများထုတ်လွှင့်ပြီး ပြည်သူများ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံသို့ ရောက်ရှိအောင် ရည်ရွယ်ပြီးဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံတော်မှ ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီးမှသာ အဆင့်ဆင့် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း” အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/ ၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်များကို စစ်ဆေးမှုများပြုလုပ်ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူတို့၏တန်ဖိုးထားမှုစနစ်နှင့် စံများ (Value System and Norms) က လူတို့၏အပြုအမူများအပေါ်တွင် လွှမ်းမိုးမှုရှိသည်ဟု ပညာရှင်များကဆိုသည်။ လူ့အဖွဲ့ အစည်းအသီးသီးတို့တွင် လွှမ်းမိုးနေသော (အများကလက်ခံထားသော) လူတို့၏ အပြုအမူဆိုင်ရာစံ၊ ကိုယ်ကျင့်တရားစံနှင့် အရည်အသွေးစံများကိုလိုက်၍ လူတို့၏အပြုအမူများ ဖြစ်ပေါ်တတ်သည်ကို ဆိုခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2024

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်