Feb 19, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးသုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Feb 19, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ ၂၃၀ ကေဗွီ ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 19, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
Feb 19, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 19, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
Feb 19, 2024
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့ အကျဲကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် မြေသယ်ယာဉ် Hight Way Dump Truck ငါးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် ထက်တံဆိပ်ပါ ဆန်အိတ် ၁၀၅ အိတ်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck တစ်စီးနှင့် JAC Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) တို့ကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မိုးကောင်းမြို့နယ်၌ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် အမိုနီယမ် နိုက်ထရိတ် ၁၁၂၅ ဒသမ ၆ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၂၅၆၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၅၉၅၂၅၆၀၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
Feb 19, 2024
ကျေးရွာနှင့် ရပ်ကွက်များရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ အလှူရှင်များက သုတ ရသ စာအုပ် ၁၆၀ ကို ဖေဖော်ဝါရီ ၁၅ ရက်က လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
Feb 19, 2024
မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသည်။
Feb 19, 2024
ယွန်းပညာကောလိပ်(ပုဂံ) နှစ် ၁၀၀ ပြည့်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကောလိပ်၌ ကျင်းပသည်။
Feb 19, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ Multipurpose Stadium ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 19, 2024
မန္တလေးဆေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆေးပညာအခြေခံနှစ် (FoundationYear) (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မန်းရတနာပုံခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဆေးပညာနှီးနွှယ် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ဆေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းနှင့်အတူ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
Feb 19, 2024
ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လေးမျက်နှာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၄၈ ခုမှ ပြည်သူ ၅၁၄ ဦး(အပေါ်ပုံ)၊ မအူပင်မြို့နယ် ရပ်ကွက် / ကျေးရွာအုပ်စု ၈၈ ခုမှ ပြည်သူ ၆၉၆ ဦး စုစုပေါင်း ၁၂၁၀ တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
Feb 19, 2024
မြန်မာနိုင်ငံ သွေးတိုးရောဂါပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန် Medical Skill, Simulation and Research Center (MSSRC) ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
Feb 19, 2024
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Feb 19, 2024
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅၁၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Feb 19, 2024
(၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။
Feb 19, 2024
သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်၊ မတရားသဖြင့်လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာ ပြုကျင့်ခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကို ချိုးဖောက်သော ဒုစရိုက်အမှုများဖြစ်သည်။ ဒုစရိုက်မှုများသည်နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်ပြားစေသည်။
Feb 19, 2024
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်နိုင်ငံဆက်ဆံရေးမှာလည်း နှစ်ပေါင်းထောင်ချီနေသည့် သက်တမ်းရှိသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ရာတွင် မြန်မာနိုင်ငံသည် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သကဲ့သို့ အဆိုပါအချိန်ကတည်းကပင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက်ထောက်ခံခဲ့သည့်နိုင်ငံလည်း ဖြစ်သည်။
Feb 18, 2024
မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်က မင်းတုန်းမင်းတြားကြီး ဆောက်လုပ်ပြီး ပထမရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးအား လှူဒါန်းခဲ့သော ကျွန်းကျောင်းတော်ကြီးကို ထိုင်းနိုင်ငံမှ အလှူရှင်များက မတည်လှူဒါန်းပြီး မြန်မာနိုင်ငံမှ အလှူရှင်များ ၏ပါဝင်ကုသိုလ်လှူဒါန်းမှုတို့ဖြင့် ပြုပြင်ခဲ့ရာ အလုံးစုံအောင်မြင်ပြီးဖြစ်သည့်အတွက် ပြုပြင်ပြီးစီးမှု အထိမ်းအမှတ် ရေစက်ချကုသိုလ်မင်္ဂလာအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ရှိ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ ကျင်းပပြုလုပ်သည်။
Feb 18, 2024
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
