Skip to main content

Jan 20, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကို ယနေ့နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီးတည်ဆောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ကရင်ပြည်နယ် မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ၄၃ ဦး၊ အုပ်ချုပ်သူငါးဦး စုစုပေါင်း ၄၈ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ် (၄၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ (Standard Operating Procedure -SOP) ရေးဆွဲပြုစုရေးဦးစီးကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးတွင် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC)ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ရှမ်းပြည်နယ် စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မှ ဒုတိယနှစ်သင်တန်းသား သင်တန်းသူများသည် တောင်ကြီးမြို့နယ်အတွင်းရှိ ကုမ္ပဏီများ၊ ဘဏ်များ၊ လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း၊ သမဝါယမအသင်းစုချုပ်နှင့် တောင်ကြီးမြို့နယ် သမဝါယမအသင်းစု၊ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်တို့မှ တာဝန်ရှိသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ရှမ်းပြည်နယ် ကျိုင်းတုံမြို့ အမှတ် (၄) အခြေခံ ပညာ အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စစ်ကိုင်းမြို့ မြို့အဝင် စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Hiace မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ် (၄)မှ တိုင်း တာဝန်ခံအရာရှိများနှင့်အတူ ရထားလမ်းပိုင်းများ၊ တံတားများအခြေအနေနှင့် သာစည်ဘူတာ ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ (၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ဗဟန်းမြို့နယ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စာပေနှင့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာစေရေး၊ ဒေသတွင်းရှိ စာကြည့်တိုက်များ ပိုမိုအားကောင်းလာစေရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့ကြီးအချို့တွင် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် ရှမ်းပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်း၊ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းပြီး တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လည်းကောင်း ဇန်နဝါရီ ၁၉ ရက်တွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကလောမြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းပြီး ကလောမြို့ အထက (၁) ကျောင်း၌လည်းကောင်း သက်ဆိုင်ရာ သတင်းမီဒီယာသမားများနှင့် စာပေသမားများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ဆွေနွေးပွဲများ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ပူတာအိုမြို့၌ ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV)ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် EV နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့ကို ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်း စောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်းကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာ ခြင်းမရှိသူများကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းတု၊ သတင်းမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်