လူရည်ချွန်မှသည် အနာဂတ်တိုင်းပြည်ဆီသို့
နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားရှိပြီး လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍ နှစ်ရပ်စလုံးအတွက် ဗလငါးတန်တည်းဟူသော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့နှင့်ပြည့်စုံသော လူငယ်များပြုစုပျိုးထောင်ရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
